DVB Logo
Home
မြန်မာသတင်း
မြင်းခြံနှင့်မြောင်းမြ ကစကဲရဲဘက်စခန်းမှ အကျဥ်းသား ၅၈ ဦး ပြန်လွတ်
DVB
·
April 17, 2025
မြင်းခြံနှင့်မြောင်းမြ ကစကဲရဲဘက်စခန်းမှ အကျဥ်းသား ၅၈ ဦး ပြန်လွတ်
Donate to DVB

မြင်းခြံအကျဥ်းထောင်နဲ့ မြောင်းမြ ကစကဲ ရဲဘက်စခန်းကနေ အကျဥ်းသား၊ အကျဥ်းသူ ၅၈ ယောက် ဒီနေ့ မနက်က စစ်ကောင်စီက ပြန်လွှတ်ပေးခဲ့ပေမဲ့ နိုင်ငံရေးပြစ်မှုနဲ့ ထောင်ကျနေသူတွေ ပြန်လွတ်တာ နည်းတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီနေ့မနက် မြင်းခြံအကျဥ်းထောင်ကနေ အကျဥ်းကျနေတဲ့ အမျိုးသား ၁၂ ယောက်နဲ့ အမျိုးသမီး ၆  ယောက်ကို ပြန်လွှတ်ပေးခဲ့ရာ နိုင်ငံရေးပြစ်မှုနဲ့ထောင်ကျနေသူ တယောက်သာ ပါတယ်လို့ မြင်းခြံမြို့ခံတယောက်က DVB ကို ပြောပါတယ်။

“၁၈ ယောက်ထဲမှာ အမှုပိတ်သိမ်းလို့ ပြန်လွတ်တာက ၄ ယောက်၊ ကျန်တဲ့လူတွေက အခြားပြစ် မှုတွေနဲ့ကျတာ။ အဲ့ထဲမှာ ပုဒ်မ ၅၀၅ (က) ပြန်လွတ်လာတာ တယောက်ပဲ ရှိတယ်။” 

အလားတူပင် ဒီနေ့ မနက်က ဧရာဝတီတိုင်း မြောင်းမြမြို့ ကစကဲရဲဘက်စခန်းကနေ အကျဥ်းသား အယောက် ၄၀ ကို စစ်ကောင်စီက ပြန်လွှတ်ပေးခဲ့ပေမဲ့ နိုင်ငံရေးပြစ်မှုနဲ့ထောင်ကျနေသူတွေ ပြန်လွတ်လာတာ နည်းတယ်လို့ ဒေသခံတယောက်က DVB ကို ပြောပါတယ်။

“မြောင်းမြထောင်က ဘယ်လောက်လွတ်လဲမသိဘူး၊ ကစကဲရဲဘက်မှာတော့ နိုင်ငံရေးအမှုနဲ့ ပြန်လွတ်လာတဲ့သူ နည်းတယ်။ ဒီနှစ် အခြားပြစ်မှုနဲ့ ထောင်ကျနေသူတွေကို လွတ်တာများတယ်။” 

စစ်ကောင်စီက ဒီနေ့ မနက် မြန်မာနိုင်ငံတဝန်းရှိ အကျဥ်းထောင်အသီးသီးမှာ ထောင်ကျနေတဲ့ အကျဥ်းသား၊ အကျဥ်းသူ ၄၈၉၃ ယောက်ကို ပြန်လွှတ်ပေးခဲ့ရာ နိုင်ငံရေးအကျဥ်းသားတွေ ပါဝင် တာနည်းတဲ့အတွက် ဝေဖန်မှုတွေလည်း ရှိပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013