DVB Logo
Home
မြန်မာသတင်း
မန္တလေးတွင် ရစ်ချ်တာစကေး ၅ ဒသမ ၁ ရှိ ငလျင် ထပ်လှုပ်
DVB
·
April 17, 2025
မန္တလေးတွင် ရစ်ချ်တာစကေး ၅ ဒသမ ၁ ရှိ ငလျင် ထပ်လှုပ်
Donate to DVB

ငလျင်ဘေး အဆိုးဆုံးကြုံခဲ့ရတဲ့ မန္တလေးမှာ ဒီနေ့ ဧပြီ ၁၇ ရက် နေ့လယ် ၁ နာရီကျော်က ရစ်ချ်တာစကေး ၅ ဒသမ ၁ အင်အားရှိတဲ့ ငလျင်လှုပ်ခတ်ခဲ့တယ်လို့ သိရပါတယ်။

မန္တလေး ဒေသခံတယောက်က “ငလျင်ငယ်တွေက ဆက်တိုက်လှုပ်နေကြတာပဲ၊ လှုပ်ခတ်မှုက တော်တော်လေး ပြင်းတယ်လို့ ပြောလို့ရတယ်။ ဒီနေ့လည်း ထပ်လှုပ်လို့ ပြေးကြရတယ်။ အဓိကက အဆောက်အအုံ ပြိုကျမှာ စိုးရိမ်တယ်လေ၊ အဆောက်အအုံ ပြိုကျမှုတွေ ထပ်ရှိလား၊ မရှိလားတော့ မသိရသေးပါဘူး” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၁၅ ရက်ကလည်း မန္တလေးမြို့မှာ မိုးသည်းထန်စွာ‌ ရွာသွန်းပြီး ရေကြီးမှုတွေ ဖြစ်ခဲ့တာကြောင့် ငလျင်ဒဏ်ထိထားတဲ့ အဆောက်အအုံတချို့ ပြိုကျတာတွေ ရှိခဲ့ပါတယ်။

အခုလိုမျိုး ငလျင်ဘေးဒဏ်အပြင် သဘာဝဘေးဒဏ်ကိုပါ ကြုံတွေ့ခံစားနေရတာကြောင့် နေအိမ်တွေမှာ မနေရဲကြတော့တဲ့အပြင် စိုးရိမ်စိတ်တွေနဲ့ နေထိုင်နေကြရတယ်လို့ ဆိုပါတယ်။

မန္တလေးဒေသခံ နောက်တယောက်က “ကျနော်တို့ အိမ်ဘေးနားမှာဆို ငလျင်ထိထားတဲ့တိုက်တွေ ရှိတယ်လေ။ ဒါကြောင့် ငလျင်လှုပ်ပြီဆို ကြောက်ပြီးတော့ ပြေးရတာပေါ့။ ရှင်းလင်းရေးတွေကလည်း လုပ်နေတာတော့ ရှိပါတယ်။ ဒါပေမဲ့ လုပ်ရဦးမှာတွေကတော့ အများကြီးကျန်နေပါသေးတယ်။ ဒါတွေကို အမြန်ဆုံး ဆောင်ရွက်ပေးနိုင်ရင်တော့ ပိုကောင်းမှာပါ” လို့ ပြောပါတယ်။

လက်ရှိမှာတော့ မန္တလေးမြို့က ဒေသခံတွေ အများစုဟာ ဘောလုံးကွင်းတွေနဲ့ ကျောင်းတွေမှာ  ယာယီရွက်ဖျင်တဲတွေနဲ့ နေထိုင်နေကြရတာပါ။

အင်အားပြင်းငလျင် လှုပ်ခတ်မှုအပြီး ဧပြီ ၁၇ ရက် မွန်းလွဲပိုင်းအထိ နောက်ဆက်တွဲငလျင် အကြိမ် ၁၄၀ အထိ လှုပ်ခတ်ထားတယ်လို့ မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။

ကေခိုင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013