DVB Logo
Home
မြန်မာသတင်း
ဖူးကက်တွင် မြန်မာလူငယ် ၁ ဦး အဝတ်ဗလာဖြင့် လမ်းပေါ်လျှောက်သွား 
DVB
·
April 17, 2025
ဖူးကက်တွင် မြန်မာလူငယ် ၁ ဦး အဝတ်ဗလာဖြင့် လမ်းပေါ်လျှောက်သွား 
Donate to DVB

ထိုင်းတောင်ပိုင်း ဖူးကက်ခရိုင်ထဲမှာ ပြီးခဲ့တဲ့ သင်္ကြန်ကာလ ဧပြီ ၁၅ ရက် မနက်က မြန်မာလူငယ်တယောက် အဝတ်ဗလာနဲ့ လမ်းပေါ်မှာ လျှောက်သွားနေတယ်လို့  ဖူးကက်ဒေသတွင်း သတင်းမှာ ဖော်ပြပါတယ်။ 

မြန်မာလူငယ်တယောက်ဟာ ဧပြီ ၁၅ ရက် မနက် ၁၀ နာရီ မိနစ် ၂၀ လောက်က ဖူးကက်ခရိုင် ထလန်မြို့၊ ထာ့လွေးလမ်းဆုံ မီးပွိုင့်နားမှာ အဝတ်မပါ ကိုယ်ဗလာနဲ့ လမ်း‌ပေါ် လျှောက်သွားနေတယ်၊ ကြည့်ရတာ အရက်မူးနေပြီး စကားကို တောင်ပြောမြောက်ပြော ပြောတယ်၊ လမ်းသွားလမ်းလာ ပြည်သူတွေက တွေ့ပြီး ထလန်ရဲစခန်းကို အကြောင်းကြားလို့ ရဲတွေ ဖမ်းခေါ်သွားပြီလို့ ဆိုပါတယ်။ 

ထိုင်းရတ်သတင်းမှာလည်း ရုပ်ရည်သန့်ပြန့်တဲ့ အသက် ၂၅ - ၃၀ နှစ်ပိုင်း လူငယ်တယောက် ကိုယ်လုံးတီးနဲ့ ထာ့လွေးရပ်ကွက် ဘန်ကောက်ဘဏ်ရှေ့ကို ဖြတ်ပြီး လမ်းပေါ် လျှောက်သွားနေတယ်။ ပြည်သူတွေက အမြင်မတော်တာကြောင့် ဆရီဆုထွဏ်းရပ်ကွက် အုပ်ချုပ်ရေးမှူးနဲ့ ထလန်နယ်မြေရဲစခန်းကို  အကြောင်းကြားလိုက်ပါတယ်။ တာဝန်ရှိသူတွေ‌ ရောက်လာတော့ အူကြောင်ကြောင်နဲ့ ဘာမှမေးလို့မရဘူး၊ တာဝန်ရှိသူတွေက သူ့ကို အဝတ်အစား ဝတ်ပေးပြီး ထလန်ရဲစခန်းကို ခေါ်သွားတယ်၊ ကနဦးမှာ သူဟာ မြန်မာနိုင်ငံသားဖြစ်ပြီး အသေးစိတ်ကိုတော့ ဆက်လက်စစ်ဆေးမေးမြန်းနေတယ်၊ ပြီးရင် မူရင်းနိုင်ငံ ပြန်ပို့မယ်လို့ ရဲတပ်ဖွဲ့ရဲ့အပြောကို ကိုးကားဖော်ပြသွားပါတယ်။ 

Source : Phuket News  / Thairath News 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013