DVB Logo
Home
အားကစား
အိမ်ကွင်း ဘာနေဗျူး၌ ဘာမဆိုဖြစ်နိုင်ကြောင်း ရီးရဲလ်ကွင်းလယ်လူ ဘယ်လင်ဂမ် ပြော
DVB
·
April 16, 2025
အိမ်ကွင်း ဘာနေဗျူး၌ ဘာမဆိုဖြစ်နိုင်ကြောင်း ရီးရဲလ်ကွင်းလယ်လူ ဘယ်လင်ဂမ် ပြော
Donate to DVB

အိမ်ကွင်း ဘာနေဗျူးမှာ ကစားရမယ့် အာဆင်နယ်နဲ့ ချန်ပီယံလိဂ် ဒုတိယအကျော့ပွဲစဉ်ဟာ ဘာမဆိုဖြစ်သွားနိုင်ကြောင်း ကွင်းလယ်လူ ဘယ်လင်ဂမ်က ပြောသွားပါတယ်။

မက်ဒရစ်ကလပ်ဟာ ပထမအကျော့မှာ အာဆင်နယ်ကို ၃ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့ပြီး ဒုတိယအကျော့ အိမ်ကွင်းပွဲစဉ်မှာ ထင်မှတ်မထားတဲ့ စွမ်းဆောင်ရည် ပြသနိုင်ဖို့ လိုအပ်နေတာပါ။

အာဆင်နယ်အသင်းက အမှန်တကယ် ကောင်းမွန်တဲ့အသင်း ဖြစ်သလို နည်းပြကောင်းတယောက်လည်း ရှိလို့ စည်းလုံးညီညွတ်မှုရှိစွာနဲ့ ကစားနိုင်ဖို့လိုအပ်ပြီး အိမ်ကွင်း ဘာနေဗျူးမှာ ဘာမဆိုဖြစ်သွားနိုင်ကြောင်း ဘယ်လင်ဂမ်က ပြောခဲ့တာပါ။

ပထအကျော့ပွဲစဉ်မှာ ဖရီးကစ်သွင်းဂိုး ၂ ဂိုး ရခဲ့တဲ့ ဒက်ကလန်ရိုက်စ်ရဲ့ စွမ်းဆောင်ရည်ကို အံ့အားသင့်မိပြီး အဲဒီလိုသွင်းဂိုး မမြင်ခဲ့ဘူးကြောင်း ဘယ်လင်ဂမ်က ပြောသွားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013