DVB Logo
Home
Lead Story
ထိုင်း-မြန်မာချစ်ကြည်ရေး တန်ဆောင်တိုင် ဆီမီး ၁၀၀၀၀ နှင့် မီးပုံးအလုံး ၅၀၀၀ ပူဇော်ပွဲ
DVB
·
November 7, 2014
ထိုင်း-မြန်မာချစ်ကြည်ရေး တန်ဆောင်တိုင် ဆီမီး ၁၀၀၀၀ နှင့် မီးပုံးအလုံး ၅၀၀၀ ပူဇော်ပွဲ
1 / 23
Donate to DVB

၁၃၇၆ ခုနှစ် တန်ဆောင်မုန်းလပြည့်နေ့ သမညဖလအခါတော်နေ့အထိမ်းအမှတ် မြန်မာ - ထိုင်းချစ်ကြည်ရေး တန်ဆောင်တိုင်ပွဲတော်ကို တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့မှာ နိုဝင်ဘာ ၆ ရက်နေ့ မနက်ပိုင်းကစပြီး အပိုင်း ၃ ပိုင်းခွဲ ကျင်းပခဲ့ပါတယ်။

မနက်ပိုင်းမှာ သံဃာအပါး ၃၀၀၀ ဆွမ်းခြောက်လောင်းလှူပွဲ ပြုလုပ်ခဲ့ပြီး မွန်းလွဲ ၂ နာရီမှာ သံဃာတော်အပါး ၁၀၀၀ က ရွှေတောင်စားစေတီတော်ရင်ပြင်ကနေပြီး ပန်းခင်းလမ်းနဲ့ ပွဲတော်ကျင်းပမယ့် ရွှေဝယ်သီရိအားကစားကွင်းဆီကို ကြွချီခဲ့ပါတယ်။

တတိယပိုင်းအဖြစ် ဆီမီး ၁၀၀၀၀ နဲ့ မီးပုံးအလုံး ၅၀၀၀ ပူဇော်ပွဲကို မနေ့ညက ရွှေဝယ်သီရိကွင်းမှာ ကျင်းပခဲ့ပါတယ်။

တန်ဆောင်တိုင်ပွဲတော်ကို ထိုင်းနိုင်ငံသားတွေ၊ မြန်မာနိုင်ငံ အနယ်နယ်အရပ်ရပ်က ပြည်သူတွေ တက်ရောက်ဆင်နွှဲခဲ့ကြရာ နှစ်ပေါင်းများစွာအတွင်း ထူးထူးခြားခြား အစည်ကားဆုံးပွဲတော်တခုအဖြစ် မှတ်တမ်းဝင်သွားပြီဖြစ်သည်။

သတင်းနှင့်ဓာတ်ပုံ - ဖိုးဇော်(ထားဝယ်)

[gallery ids="70107,70108,70109,70110,70111,70112,70113,70114,70115,70116,70117,70118,70119,70120,70121,70122,70123,70124,70125,70126,70127,70128,70129"]

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013