
ပြင်သစ်နိုင်ငံထုတ် သင်္ဘောဖျက်ဒုံးကျည် ၁၆ စင်းကို ဝယ်ဖို့ ဂရိအစိုးရက သဘောတူစာချုပ် ချုပ်ဆိုခဲ့တယ်လို့ ဂရိကာကွယ်ရေးဝန်ကြီး နီကိုးစ် ဒန်ဒီးယပ်စ်က ဧပြီ ၁၄ ရက်မှာ ပြောပါတယ်။
ပြင်သစ်နိုင်ငံထုတ် အိပ်ဇိုဆက် ဒုံးကျည်တွေ ဝယ်ယူရေး သဘောတူညီချက်ကို ဒန်းဒီးယပ်စ်နဲ့ ဂရိမြို့တော်ကို အလည်ရောက်နေတဲ့ ပြင်သစ် စစ်ဝန်ကြီး စီဘက်စီယံ လေကော်နူတို့က လက်မှတ်ရေးထိုးခဲ့ပြီး သဘောတူညီချက်ရဲ့ ကုန်ကျစရိတ်ကို ထုတ်မပြောခဲ့ပါဘူး။
၂၀၂၁ ခုနှစ်မှာ ပြင်သစ်နဲ့ ချုပ်ဆိုခဲ့တဲ့ ကာကွယ်ရေးစာချုပ်အရ ဂရိဟာ ပြင်သစ်ဖရီးဂိတ် စစ်သင်္ဘော ၃ စင်းနဲ့ ဒက်ဇို ပြင်သစ် စစ်လက်နက်ပစ္စည်း ထုတ်လုပ်ရေး ကုမ္ပဏီထုတ် ရာဖယ်လ် တိုက်လေယာဉ် ၂၄ စင်းတို့ကို ဝယ်ဖို့ သဘောတူခဲ့ပါတယ်။
ဒါ့အပြင် အိမ်နီးချင်းနဲ့ သမိုင်းဝင် ပြိုင်ဘက် တူရကီတို့နဲ့ လိုက်လျောညီထွေဖြစ်အောင် ကြိုးပမ်းနေချိန်မှာ ဂရိလက်နက်ကိုင်တပ်ဖွဲ့တွေကို ခေတ်မီအောင် လုပ်ဖို့ ၂၀၃၆ ခုနှစ်မှာ ယူရို ၂၅ ဘီလီယံတန်ဖိုးရှိတဲ့ ကာကွယ်ရေးအစီအစဉ်ရဲ့ တစိတ်တပိုင်းအနေနဲ့ ပြင်သစ်ဆီက စတုတ္ထမြောက် ဘီလာဟာ ဖရီးဂိတ်နဲ့ ခရုဇ်ဒုံးကျည်တွေကို ဝယ်မယ်လို့ ဂရိက ပြောခဲ့ပါတယ်။
Source: Reuters