DVB Logo
Home
မြန်မာသတင်း
ကိုပါကြီးအလောင်းကို မော်လမြိုင်ကနေ ရန်ကုန်ကို သယ်ပြီ
DVB
·
November 7, 2014
ကိုပါကြီးအလောင်းကို မော်လမြိုင်ကနေ  ရန်ကုန်ကို သယ်ပြီ
Donate to DVB

Ko Par Gyiအလွတ်သတင်းထောက် ကိုပါကြီးအလောင်းကို မိသားစုတွေက မော်လမြိုင်ကနေ  ရန်ကုန်ကို ဒီကနေ့ မနက်ပိုင်းမှာ သယ်ဆောင်သွားပြီဖြစ်ပါတယ်။

မြန်မာစံတော်ချိန် ၁၀ နာရီခွဲကျော်မှာ ဘီးလင်းမြို့ကို ရောက်ရှိသွားတယ်လို့ အလောင်းသယ်မှုမှာ လိုက်ပါခဲ့တဲ့ ဒီဗွီဘီသတင်းထောက်က ပြောပါတယ်။

အလောင်းသယ်ရာ လမ်းတလျှောက် စစ်ဆေးရေးဂိတ်တွေမှာ မှတ်တမ်းဓာတ်ပုံတွေ ရိုက်ယူပေမယ့် တားဆီးတာ မရှိသေးဘူးလို့လည်း ပြောပါတယ်။

အလောင်းသယ်ယူမှုမှာ မွန်အမျိုးသားပါတီက ပွိုင့်ကားတွေနဲ့ သထုံအထိ လိုက်ပါပို့ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။

မော်လမြိုင်မြို့နယ် စည်ပင်သာယာရေးကော်မတီက  ကိုပါကြီးအလောင်းကို ရင်ခွဲ စစ်ဆေးပြီးချိန်ကစပြီး ၂၄ နာရီအတွင်း သက်ဆိုင်ရာ သုသာန်မြေမှာ သင်္ဂြိုဟ်ဖို့  အမိန့်ထုတ်တဲ့စာကို မနေ့ နိုဝင်ဘာလ ၆ ရက်နေ့ည ၉ နာရီ ခွဲလောက်မှာ ကိုပါကြီးရဲ့ဇနီး ဒေါ်သန္တာဆီ လာရောက်ပေးအပ်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013