
အမေရိကန်စစ်တပ်က အယ်လ်ဆာဗေဒိုရဲတွေဆီ လွှဲပြောင်းပေးခဲ့တဲ့ ရာဇဝတ်ဂိုဏ်းဝင် ၁၀ ယောက်ရဲ့ ဗီဒီယိုဖိုင်ကို ဆယ်လ်ဗာဒိုရန်သမ္မတရုံးက ထုတ်ပြန်ခဲ့ပါတယ်။
အယ်လ်ဆာဗေဒိုသမ္မတ နာယစ်ဘ်ဘူခေလေက အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်နဲ့ တွေ့ဆုံဖို့ အိမ်ဖြူတော်ဆီ မလာမီ တရက်အလို ဧပြီ ၁၃ ရက်မှာ ထုတ်ပြန်လိုက်တာပါ။
ဧပြီ ၁၂ ရက်ညက MS-13 နဲ့ ထရန်ဒေအာရာဂွါနိုင်ငံရပ်ခြားအကြမ်းဖက်အဖွဲ့ဝင် ရာဇ၀တ်သား ၁၀ ယောက် အယ်လ်ဆာဗေးဒိုနိုင်ငံဆီကို ရောက်သွားခဲ့တယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီအိုကလည်း လူမှုကွန်ရက် X ပေါ်မှာ ပို့စ်တင်ပြီးပြောပါတယ်။
လွှဲပြောင်းပေးအပ်ပွဲကို အယ်လ်ဆာဗေဒိုအလယ်ပိုင်းပြည်နယ်ရဲ့ တောင်ပိုင်းက လာပက်ဇ်မြို့ လေဆိပ်မှာ ကျင်းပခဲ့တာပါ။
ပြန်ပို့ခံရသူတွေကို အမေရိကန်စစ်သားတွေက ဝတ်စုံပြည့်ဝတ်ထားတဲ့ တိုက်ခိုက်ရေးနဲ့ အဓိကရုဏ်းနှိမ်နင်းရေး ရဲတပ်ဖွဲ့ဆီ လွှဲပြောင်းပေးအပ်ခဲ့ပါတယ်။
ပြန်ပို့ခံရသူတွေကို စိန့်ဗင်းဆင့်ပြည်နယ်က အကြမ်းဖက်ဝါဒ ချုပ်နှောင်မှုဗဟို ဌာန (CECOT) မှာ မှတ်တမ်းတင်ခဲ့တာပါ။
သူတို့ကို မုတ်ဆိတ်ရိတ်ပြီး၊ ဓာတ်ပုံရိုက်အပြီးမှာ အချုပ်ခန်းတွေဆီကို ခေါ်သွားခဲ့ပါတယ်။ သက်သေအထောက်အထားမရှိဘဲ အကျဉ်းသားတွေကို ရာဇဝတ်ဂိုဏ်းဝင်တွေအဖြစ် တံဆိပ်ကပ်ခြင်းနဲ့ပတ်သက်တဲ့ စိုးရိမ်မှုတွေနဲ့အတူ ပြည်နှင်ဒဏ်ပေးခြင်းတွေဟာ တရားရေးဆိုင်ရာ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။
Source : Reuters