DVB Logo
Home
နိုင်ငံတကာ
ထိုင်း သင်္ကြန် ၃ ရက်အတွင်း မတော်တဆထိခိုက်မှုကြောင့် သေဆုံးသူ ၁၀၀ ဦးရှိ 
DVB
·
April 14, 2025
ထိုင်း သင်္ကြန် ၃ ရက်အတွင်း မတော်တဆထိခိုက်မှုကြောင့် သေဆုံးသူ ၁၀၀ ဦးရှိ 
Donate to DVB

ထိုင်းနိုင်ငံမှာ သင်္ကြန်ရေသဘင်ပွဲကာလ ၃ ရက်အတွင်း မတော်တဆထိခိုက်မှုပေါင်း ၇၅၆ ကြိမ် ဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၁၀၀ ရှိတယ်လို့ ၂၀၂၅ သင်္ကြန်ကာလ အများပြည်သူ မတော်တဆထိခိုက်မှု ကာကွယ်ရေးနဲ့ လျှော့ချရေးဗဟိုအဖွဲ့က ထုတ်ပြန်ပါတယ်။

သင်္ကြန်ရေသဘင်ပွဲကာလ ဧပြီ ၁၁ မှ ၁၃ ရက်ထိ ၃ ရက်တာမှာ မတော်တဆထိခိုက်မှု ၇၅၆ ကြိမ် ဖြစ်ပွားပြီး သေဆုံးသူ အယောက် ၁၀၀၊ ဒဏ်ရာရသူ ၇၅၂ ယောက် ရှိတယ်လို့ ဆိုပါတယ်။

သေဆုံးသူအများဆုံးမှာ ဘန်ကောက်က ၁၀ ယောက်နဲ့ အများဆုံး၊ ဒဏ်ရာရသူ အများဆုံးမှာ လမ်းဖွန်းခရိုင် ၃၁ ယောက်၊ မတော်တဆ အဖြစ်အများဆုံးမှာ ဖတ်ထလွန်းခရိုင်က ၂၈ ကြိမ်နဲ့ အများဆုံးလို့ ဆိုပါတယ်။

မတော်တဆဖြစ်ရခြင်း အကြောင်းမှာ သတ်မှန်နှုန်းထားထက် မောင်းနှင်မှု အများဆုံး၊ အဲဒီနောက် အရက်မူးစဉ် ယာဉ်မောင်းတာက ဒုတိယ၊ တပါးသူယာဉ်ရှေ့ ဖြတ်မောင်းတာက တတိယအများဆုံး ဖြစ်ပါတယ်။

မတော်တဆ အဖြစ်များဆုံးယာဉ်မှာ မော်တော်ဆိုင်ကယ်ဖြစ်ပြီး ဟိုင်းလပ်စ်ကားက ဒုတိယအများဆုံးနဲ့ အိမ်စီးဆလွန်းကားက တတိယအများဆုံးလို့ ဆိုပါတယ်။

ထိုင်းနိုင်ငံမှာ ဒီနှစ် သင်္ကြန်ရေသဘင်ပွဲကာလ မတော်တဆထိခိုက်မှု သတိထား စောင့်ကြည့်ရမယ့် နေ့ရက် (အန္တရာယ်ရှိနေ့ရက်) ကို  ဧပြီ ၁၁ ရက်မှ ၁၇ ရက်ထိ (၇ ရက်) သတ်မှတ်ထားပါတယ်။

Source: Prachatai

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013