
မြောက်ကိုရီးယားနိုင်ငံတည်ထောင်သူကင်မ်အီဆွန်းရဲ့ မွေးနေ့အထိမ်းအမှတ်အဖြစ် ပဉ္စမအကြိမ် မြောက် သကြားပန်းပုနဲ့ ဘီစကစ်ပန်းပုပြပွဲကို ပြုံယမ်းမှာ ကျင်းပခဲ့တယ်လို့ နိုင်ငံပိုင်သတင်းအေဂျင်စီ KCNA က ဧပြီ ၁၂ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။
ပြပွဲကို ဧပြီ ၁၁ ရက်က ချုံး(င်)ယူ စားသောက်ဆိုင်မှာ ပြုလုပ်ခဲ့ပြီး သကြားနဲ့ ဘီစကစ် ပန်းပုရုပ်တုပေါင်း ၁၀၀၀ ကျော်ကို ပြသခဲ့ပါတယ်။
ပန်းပုရုပ် အစိတ်အပိုင်းတွေကို အများသူငှာ အစားအသောက်နဲ့ ပြင်ပဝန်ဆောင်မှုဌာနတွေအပြင် မြို့တွင်းရှိ စားသောက်ကုန် စက်ရုံတွေက ဖန်တီးထားတာလို့ ဆိုပါတယ်။
ပြပွဲမှာ ပါဝင်သူတွေက သူတို့ရဲ့သကြားပန်းပုရုပ်တုတွေကို ပြသထားပြီး ဧည့်သည်တွေလည်း လာရောက်ကြည့်ရှုကြပါတယ်။
ဒီပြပွဲဟာ မြောက်ကိုရီးယားကို တည်ထောင်သူလည်းဖြစ်ပြီး နိုင်ငံ့လက်ရှိခေါင်းဆောင် ကင်မ်ဂျုံအန်းရဲ့ အဘိုးဖြစ်သူ ကင်မ်အီဆွန်းရဲ့ ဧပြီ ၁၅ ရက် မွေးနေ့ကို ဂုဏ်ပြုကျင်းပတဲ့ ပွဲပေါင်းများစွာထဲမှ တခုဖြစ်ပါတယ်။
Source: Reuters