DVB Logo
Home
နိုင်ငံတကာ
ကွန်ဂိုတွင် လိင်အကြမ်းဖက်မှုခံရသည့် ကလေးသူငယ် ထောင်ချီရှိနေဟု UNICEF ပြော
DVB
·
April 13, 2025
ကွန်ဂိုတွင် လိင်အကြမ်းဖက်မှုခံရသည့် ကလေးသူငယ် ထောင်ချီရှိနေဟု UNICEF ပြော
Donate to DVB

ကွန်ဂိုနိုင်ငံအရှေ့ပိုင်းမှာ အခုနှစ်ရဲ့ ပထမနှစ်လအတွင်း မုဒိမ်းမှုနဲ့ တခြားပုံစံအမျိုးမျိုးနဲ့ လိင်အကြမ်းဖက်ခံရမှုပေါင်း ၁၀,၀၀၀ နီးပါးလောက်ရှိတဲ့အထဲက ကျူးလွန်ခံရသူ  ၃ ပုံ ၁ ပုံလောက်ဟာ ကလေးသူငယ်တွေဖြစ်တယ်လို့ ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ (UNICEF)က  ဧပြီ ၁၁ ရက်မှာ ပြောပါတယ်။

UNICEF ပြောရေးဆိုခွင့်ရှိသူ ဂျိမ်းစ်အဲလ်ဒါက“ဒီနှစ် ကွန်ဂိုအရှေ့ပိုင်းတိုက်ပွဲတွေရဲ့ အပြင်းထန်ဆုံးအဆင့်မှာ၊ မိနစ် ၃၀ တိုင်း ကလေးတယောက် အဓမ္မ ပြုကျင့်ခံနေရပါတယ်”လို့ မြို့တော်ဂိုမာကနေ ဗီဒီယိုလင့်ခ်မှတဆင့် ဂျီနီဗာသတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

ဒါတွေဟာ သီးခြားဖြစ်ရပ်တွေမဟုတ်ဘဲ စနစ်ပိုင်းဆိုင်ရာ အကျပ်အတည်းတခုဖြစ်နေတယ် လို့လည်း ဆိုပါတယ်။

လိင်အကြမ်းဖက်မှုနဲ့ပတ်သက်ပြီး လုပ်ဆောင်နေတဲ့ မြေပြင်ရှိ အဖွဲ့အစည်းတွေက စုဆောင်းထားတဲ့ အချက်အလက်ကိုကိုးကားပြီး "ဒါဟာ စစ်ပွဲရဲ့လက်နက်ဖြစ်ပြီး တမင်တကာ အကြမ်းဖက်တဲ့ နည်းဗျူဟာပါ" လို့လည်း ပြောပါတယ်။

ရန်ပုံငွေပြတ်တောက်မှုကလည်း လိင်ပိုင်းဆိုင်ရာ တိုက်ခိုက်ခံရမှုမှ အသက်ရှင်ကျန်ရစ်သူတွေကို ကုစားပေးနိုင်စွမ်းအပေါ် သက်ရောက်မှုရှိကြောင်းလည်း ဂျိမ်းစ်အဲလ်ဒါက ပြောပါတယ်။

အခုသီတင်းပတ်အတွင်း သူသွားရောက်ခဲ့တဲ့ ဆေးရုံတရုံးမှာ မုဒိမ်းမှုကနေ အသက်ရှင်ကျန်ရစ်သူ ၁၂၇ ယောက်ဟာ  HIV ကူးစက်မှုကို ချက်ချင်းကာကွယ်နိုင်တဲ့ ဆေးဝါးပစ္စည်းတွေကို သုံးစွဲနိုင်ခွင့် မရှိကြတာကိုလည်း တွေ့ခဲ့ရကြောင်း ပြောပြပါတယ်။ 

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013