DVB Logo
Home
မြန်မာသတင်း
မြန်မာနိုင်ငံအလယ်ပိုင်းတွင် မြေငလျင်များ ထပ်မံလှုပ်ခတ် (ရုပ်သံ) 
DVB
·
April 13, 2025
မြန်မာနိုင်ငံအလယ်ပိုင်းတွင် မြေငလျင်များ ထပ်မံလှုပ်ခတ် (ရုပ်သံ) 
Donate to DVB

မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နားမှာ ဧပြီ ၁၃ ရက် ဒီမနက်ပိုင်းက ပြင်းအား  ရစ်ချ်တာစကေး ၅ ဒသမ ၅ ရှိ မြေငလျင်ထပ်လှုပ်ခတ်ခဲ့ပြီး ၂၄ နာရီအတွင်း ၈ ကြိမ်လှုပ်ခတ်ခဲ့ပြီဖြစ်ပါတယ်။

မတ် ၂၈ ရက် အင်အားပြင်းငလျင်ရဲ့ နောက်ဆက်တွဲအဖြစ် ပြင်းအားနဲ့ အတိမ်အနက်မတူတဲ့ ငလျင်တွေ နေ့တိုင်းလှုပ်ခတ်နေတာဖြစ်ပြီး နောက်ဆက်တွဲ ငလျင်တွေကြောင့် ထိခိုက်ပျက်စီးတာသိပ်မရှိပေမဲ့ ပြည်သူတွေကတော့ စိုးရိမ်ထိတ်လန့် နေကြရတာပါ။

မန္တလေးဒေသခံတယောက်က “ဒုန်းခနဲပဲ။ တော်တော်ပြင်းတယ်။ ပြေးကြလွှားကြပေါ့။ ညညဆိုလည်း ကောင်းကောင်း အိပ်ရတာမဟုတ်ပါဘူး” လို့ ပြောပါတယ်။

ဒီမနက် ၈ နာရီ ၅၅ မိနစ်လောက်က ဝမ်းတွင်းမြို့နားကို ဗဟိုပြုပြီး အနက် ကီလိုမီတာ ၂၀ ကနေ ပြင်းအား ရစ်ချ်တာစကေး ၅ ဒသမ ၅ နဲ့ လှုပ်ခဲ့တာလို့ မိုးဇလဌာနက ထုတ်ပြန်ပါတယ်။

ဒီမနက် ငလျင်ရဲ့လှုပ်ခတ်မှုကို မန္တလေး၊ ကျောက်ဆည်အပါအဝင် ပတ်ဝန်းကျင် ဒေသတွေကလည်း သိသိသာသာ ခံစားခဲ့ကြရတယ်လို့ ဒေသခံတွေက လူမှုကွန်ရက်မှာ ရေးသားထားကြပါတယ်။

အမေရိကန်ဘူမိဗေဒလေ့လာရေးဌာန (USGS)ကတော့ မိထ္ထီလာကို ဗဟိုပြုပြီး ရစ်ချ်တာစကေး ၅ ဒသမ ၅ ရှိ ငလျင်လှုပ်ခတ်တာလို့ ထုတ်ပြန်ထားပါတယ်။ 

မနေ့ကလည်း မနက် ၆ နာရီ မိနစ် ၅၀ လောက်ကနေ ည ၈ နာရီ ၄၃ မိနစ်အထိ ပဲခူးတိုင်း အုတ်တွင်းမြို့၊ ကျောက်တံခါးမြို့၊ မန္တလေးတိုင်း မန္တလေး၊ ကျောက်ဆည်၊ စဉ့်ကူနဲ့ နေပြည်တော် တပ်ကုန်းတို့မှာ ငလျင် ၇ ကြိမ်လှုပ်ခတ်ခဲ့ပါတယ်။

ပြင်းအားကတော့ ရစ်ချ်တာစကေး ၃ နဲ့အထက်ပဲရှိပေမဲ့ အနက်က ၃၄ ကီလိုမီတာ၊ ၃၈ ကီလိုမီတာနဲ့ ၃၉ ကီလိုမီတာတို့ကနေ လှုပ်ခတ်ခဲ့တာဖြစ်ပြီး နောက်ဆက်တွဲငလျင်တွေထဲမှာ အနက်ဆုံး နေရာကနေ လှုပ်ခတ်ခဲ့တာ ဖြစ်ပါတယ်။

Video : Myo Hlaing

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013