
အာဆင်နယ်အသင်းနည်းပြ အာတေတာဟာ တိုက်စစ်မှူး ကိုင်ဟာဗက်ဇ်ကို ရာသီမပြီးဆုံးခင်မှာ ပြန်ကစားနိုင်ဖို့ မျှော်လင့်နေပါတယ်။
ဂျာမန်တိုက်စစ်မှူးဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအတွင်းက တံကောက်ကြောဒဏ်ရာရရှိခဲ့လို့ ခွဲစိတ်ကုသခဲ့ရပြီး အနားယူခဲ့ရတာပါ။
ဟာဗက်ဇ်ဟာ လက်ရှိ အချိန်မှာ တယောက်တည်း အပေါ့စားကြံ့ခိုင်မှု လေ့ကျင့်ခန်းတွေ ပြန်လည်ပြုလုပ်နေပြီး ရာသီမကုန်ခင် ပြန်ကစားနိုင်ဖို့ မျှော်လင့်ကြောင်း နည်းပြအာတေတာ ကပြောခဲ့တာပါ။
ကစားသမားတွေရဲ့ ဒဏ်ရာအခြေအနေချင်းမတူညီပေမဲ့ ဆာကာရဲ့ ဒဏ်ရာနဲ့ ကိုင်ဟာဗက်ဇ်ရဲ့ ဒဏ်ရာအခြေအနေက တူညီကြောင်း၊ ဟာဗက်ဇ်ပြန်ကစားနိုင်ဖို့ အကောင်းဆုံး ကူညီပေးနေကြတာကြောင့် ရာသီမကုန်ခင် ပြန်ကစားနိုင်ဖို့ မျှော်လင့်ကြောင်း နည်းပြ အာတေတာ ကပြောပါတယ်။
ဟာဗက်ဇ်ကတော့ တဆင့်ချင်းစီသွားနေကြောင်း သူ့ရဲ့ ဒဏ်ရာအခြေအနေကို ဆိုရှယ်မီဒီယာ တွစ်တာမှာ တင်ခဲ့ပါတယ်။
Photo: Reuters