DVB Logo
Home
နိုင်ငံတကာ
ထိုင်းသင်္ကြန်ပွဲ ရှောင်ကြဉ်ရန် အချက်များ ထုတ်ပြန် 
DVB
·
April 11, 2025
ထိုင်းသင်္ကြန်ပွဲ ရှောင်ကြဉ်ရန် အချက်များ ထုတ်ပြန် 
Donate to DVB

 

၂၀၂၅ ခုနှစ် ထိုင်းရိုးရာ သင်္ကြန်ပွဲတော်ကာလကို ထိုင်းနိုင်ငံမှာ ဧပြီ ၁၂ ရက်မှ ၁၅ ရက်ထိ သတ်မှတ်ထားပြီး အဆိုပါနေ့တွေမှာ ရေထွက်ကစားသူတွေအနေနဲ့ သတိပြုဖို့ တားမြစ်ချက် ၁၀ ချက်ကို သက်ဆိုင်ရာက ထုတ်ပြန်ထားပါတယ်။

အဆိုပါတားမြစ်ချက်တွေထဲမှာ တဘက်သားသဘောမတူဘဲ ရေပက်တာ၊ ပေါင်ဒါလူးတာမပြုရ၊ မလိုက်နာက တပါးသူအား စိတ်အနှောင့်အယှက်ဖြစ်စေမှုနဲ့  တလ ထက်မပိုတဲ့ ထောင်ဒဏ် ဘတ် ၁၀,၀၀၀ ထက်မပိုတဲ့ ငွေဒဏ်၊ ဒါမှမဟုတ် ထောင်ဒဏ်ရော ငွေဒဏ်ပါ နှစ်ရပ်လုံးကျခံဖို့၊   အများသူငှာရှေ့ အမြင်မတော် အတွင်းသားဖော်တဲ့ တိုတိုပြတ်ပြတ်ဝင်ဆင်ခြင်းမပြုရ၊ မလိုက်နာက ဘတ် ၅,၀၀၀ ထက်မပိုတဲ့ ငွေဒဏ်ပေးဖို့ ပါဝင်ပါတယ်။

ဒါ့အပြင် တပါးသူကာယဣိန္ဒြေပျက်ပြားအောင် လိင်ပိုင်းဆိုင်ရာစော်ကားခြင်း လက္ခဏာ မပြုမူရ၊ မလိုက်နာက ၁၀ နှစ်ထက်မပိုတဲ့ ထောင်ဒဏ် ဒါမှမဟုတ် ဘတ်‌ငွေ ၂၀၀,၀၀၀ ထက်မပိုတဲ့ငွေဒဏ်၊ ရေပြွတ်တံအပြင်းစားတွေနဲ့ တပါးသူထိခိုက်ဒဏ်ရာရအောင် မပက်ရ၊ မလိုက်နာက ၂ နှစ်ထက် မပိုတဲ့ ထောင်ဒဏ် ဒါမှမဟုတ် ဘတ် ၄,၀၀၀ ထက်မပိုတဲ့ ငွေဒဏ်၊ ဒါမှမဟုတ် ထောင်ဒဏ်ရောငွေဒဏ်ပါ နှစ်ရပ်လုံး ကျခံရမှာပါ။

တပါးသူကားမောင်းနေစဉ် ထိတ်လန့်ပြီး မတော်တဆဖြစ်အောင် ရေမပက်ရ၊ မလိုက်နာက တလ ထက်မပိုတဲ့ ထောင်ဒဏ် ဒါမှမဟုတ် ဘတ် ၁၀,၀၀၀ ထက်မပိုတဲ့ ငွေဒဏ်၊ ဒါမှမဟုတ် ထောင်ဒဏ်ရော ငွေဒဏ်ပါ နှစ်ရပ်လုံး၊ ခွင့်ပြုချက်မရဘဲ လမ်းပိတ်ဆို့ပြီး ရေကစားခြင်းမပြုရ၊ မလိုက်နာက ယာဉ်စည်းကမ်းဖောက်ဖျက်မှုဥပဒေနဲ့ အရေးယူခံရမယ်၊   ဟိုင်းလပ်စ်ကားနောက်ခန်းမှာ လူ ၆ ယောက်ထက် ပိုမတင်ရ၊ ကားအနောက်ဘောင်ပေါ် ထိုင်လျက်မလိုက်ပါရ၊  ၁ နာရီလျှင် ၆၀ ကီလိုမီတာထက် ပိုမမောင်းရ၊  ဒဏ်ငွေ ဘတ် ၂,၀၀ ထိ တပ် ခံရနိုင်တယ်လို့ ဆိုပါတယ်။ 

ရေပက်ခံစဉ် အများသူငှာကြားနဲ့ ကားပေါ် အရက်ဝိုင်းထောင်ခြင်း မပြုရ၊ မလိုက်နာရင် ဒဏ်ငွေ ဘတ် ၁၀,၀၀၀ ထိ တပ်ခံရနိုင်ပြီး အရက်မူးနေစဉ် ယာဉ်မောင်းပါက ယာဉ်စည်းကမ်းဥပဒေအရ ဒဏ်ငွေ ဘတ် ၅၀၀၀ မှ ၂၀,၀၀၀ ထိ ဒါမှမဟုတ် ထောင်ဒဏ် တနှစ်ထိ ကျခံရမှာပါ။ 

တပါးသူ သဘောမတူဘဲ ပေါင်ဒါနဲ့ လိုက်လူးတာ၊  ရေခဲတုံးတွေနဲ့ ရေပက်တာ မလုပ်ဖို့နဲ့ မတော်တဆဘေးအန္တရာယ်ဖြစ်စေနိုင်ကြောင်းနဲ့  မလိုက်နာပါက ငွေဒဏ် ဘတ် ၅,၀၀၀ ထိ တပ်ခံရနိုင်တယ် စတဲ့ပြစ်ဒဏ်တွေ ဖြစ်ပါတယ်။ 

ထိုင်းနိုင်ငံမှာ ကျားဖြန့်ကိစ္စ၊ မြေငလျင်လန့်တဲ့ကိစ္စတွေကြောင့် ကမ္ဘာလှည့်ခရီးသည်အချို့ ခရီးစဉ်ရုပ်သိမ်းခဲ့ပေမယ့်လည်း  ခရီးသွားတွေ ပိုဝင်လာတာရှိတယ်၊  ဒီနှစ်သင်္ကြန်ပွဲမှာ နိုင်ငံခြားခရီးသွားလုပ်ငန်းမှ ဝင်ငွေ ဘတ်သန်းပေါင်း ၄၀၀၀ နဲ့ ၅၀၀၀ ကြား ရဖို့ ရည်မှန်းထားတယ်၊ ထိုင်းပြည်သူတွေအနေနဲ့လည်း အိမ်ရှင်ကောင်းပီသစွာနဲ့ ခရီးဦးကြိုပြုဖို့၊ ထိုင်းယဉ်ကျေးမှု ဓလေ့ထုံးစံတွေ နိုင်ငံတကာကို ပြသပြီး မိမိနိုင်ငံပုံရိပ်ကို ကောင်းစွာထိန်းသိမ်းဖို့  ထိုင်းနိုင်ငံ အားကစားနှင့်ခရီးသွားဝန်ကြီး နိုင်းဆော်လဝုန်း ထိမ်းထောင်းက သတင်းထောက်တွေကို ပြောပါတယ်။ 

Source: matichon / Amarin TV

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013