DVB Logo
Home
မြန်မာသတင်း
လေဖိအားနည်းရပ်ဝန်း တဖြည်းဖြည်း အားလျော့သွား
DVB
·
April 11, 2025
လေဖိအားနည်းရပ်ဝန်း တဖြည်းဖြည်း အားလျော့သွား
Donate to DVB

ဘင်္ဂလားပင်လယ်အော်မှာဖြစ်ပေါ်နေတဲ့  လေဖိအားနည်းရပ်ဝန်းအခြေအနေဟာ နောက် ၂၄ နာရီအတွင်း တဖြည်းဖြည်း အားလျော့သွားနိုင်တယ်လို့ မိုးဇလဌာနက ဧပြီ ၁၁ ရက် မြန်မာစံတော်ချိန်  မနက် ၇ နာရီမှာ ထုတ်ပြန်ပါတယ်။

ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်း (Low Pressure Area) ဆက်လက်တည်ရှိနေပြီး မြောက်-အရှေ့မြောက်ဘက်သို့ ရွေ့လျားနိုင်ကာ နောက် ၂၄ နာရီအတွင်း ဘင်္ဂလား ပင်လယ်အော်အလယ်ပိုင်းမှာ တဖြည်းဖြည်း အားလျော့သွားနိုင်တယ်လို့  ခန့်မှန်းထားတာပါ။

လေဖိအားနည်းရပ်ဝန်းဟာ ဘင်္ဂလားပင်လယ်အော် အလယ်ပိုင်းမှာတဖြည်းဖြည်း အားလျော့သွားပြီးနောက် အထက်လေပွေလှိုင်း (UACC)က နောက် ၂ ရက် ၃ ရက်မှာ မြန်မာနိုင်ငံပေါ်သို့ ဆက်လက်ရွေ့လျားသွားနိုင်တယ်လို့ အိန္ဒိယမိုးလေဝသဌာနမှ ထုတ်ပြန်ချက်ကို ကိုးကားပြီး မိုးလေဝသ ပညာရှင် ဦးဝင်းနိုင်ကလည်း ခန့်မှန်းထားပါတယ်။

လေဖိအားနည်းရပ်ဝန်း အရှိန်ကြောင့် ဒီနေ့ မနက်မှ ဧပြီ ၁၆ ရက်အတွင်း  နေပြည်တော်၊ ရန်ကုန်တိုင်း၊ မန္တလေး၊ ပဲခူး၊ မကွေး၊ စစ်ကိုင်း၊ ဧရာဝတီ၊ တနင်္သာရီ၊ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်နဲ့ ရှမ်းမှာ နေရာစိပ်စိပ်မှ နေရာ အနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ တချို့ဒေသတွေ နေရာကွက်လို့ မိုးကြီးနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

မိုးသည်းထန်စွာရွာသွန်းခြင်းနဲ့အတူ လေပြင်းတိုက်၊ မိုးထစ်ချုန်း၊ မိုးကြိုးပစ်၊ လျှပ်စီးလက်၊ မိုးသီးကြွေ၊ လျှပ်တစ်ပြက်ရေကြီး မြေပြို သဘာဝဘေးအန္တရာယ်တွေ ဖြစ်ပေါ်နိုင်လို့ ကုန်းမြင့်အနီး နေထိုင် ကြသူတွေ မြေပြိုမှုအန္တရာယ်ကိုသတိပြုဖို့နဲ့၊ မြစ်၊ ချောင်းအနီး နေထိုင် ကြသူတွေ ရေကြီး၊ ရေလျှံ အန္တရာယ် ကြိုတင်သတိပြုရှောင်ရှားဖို့ အကြံပြုထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013