DVB Logo
Home
မြန်မာသတင်း
ချင်း၊ ရခိုင်နှင့် ရှမ်း ကလေးငယ်များအတွက် ဆန်ရိက္ခာအချို့ ရပ်တန့်မည်
DVB
·
November 6, 2014
ချင်း၊ ရခိုင်နှင့် ရှမ်း ကလေးငယ်များအတွက် ဆန်ရိက္ခာအချို့ ရပ်တန့်မည်
Donate to DVB

WFPမကွေးတိုင်းဒေသကြီး ချင်း၊ ရခိုင်နဲ့ ရှမ်းပြည်နယ်တွေမှာ ကမ္ဘာစားနပ်ရိက္ခာအဖွဲ့က (WFP) ထောက်ပံ့ထားတဲ့ ကျောင်းနေရွယ်ကလေးတွေ အိမ်မှာစားဖို့ ထည့်ပေးနေတဲ့ ဆန်တွေကို ငွေကြေး အကူအညီ ထပ်မရပါက နိုဝင်ဘာလကုန်ပိုင်း ရပ်တန့်တော့မယ်လို့ WFP က ပြောပါတယ်။

၂၀၁၅ ဇန်န၀ါရီလကနေပြီး အစားအသောက်ထောက်ပံ့မှုတွေ အပြည့်အ၀ လုပ်ဆောင်ပေးဖို့ အတွက် WFP က ဒေါ်လာ ၈ သန်း နီးပါး အရေးပေါ်လိုအပ်နေပါတယ်။

၂၀၁၄ အောက်တိုဘာမှာ ရန်ပုံငွေ ပြတ်တောက်တဲ့အတွက် မြန်မာနိုင်ငံတ၀န်းက ဒုက္ခသည်တွေကို ဆန်ရိက္ခာ ထောက်ပံ့မှု ၂၀ ရာခိုင် နှုန်းကို WFPက  ဖြတ်တောက်ဖို့ရှိနေပါတယ်။

ဒီလိုဖြတ်တောက်ရင် ဒုက္ခသည် ၂ သိန်းနီးပါး အပေါ် သက်ရောက်မှု ရှိလာမှာ ဖြစ်ပါတယ်။

ဒါပေမယ့် WFP က ငွေကြေး စီမံခန့်ခွဲမှု ပုံစံကို ပြောင်းလဲခဲ့ပြီး ၂၀၁၄ နိုဝင်ဘာနဲ့ ဒီဇင်ဘာမှာတော့ ကချင်၊ ရှမ်းနဲ့ ရခိုင်က WFP ကူညီနေတဲ့ စခန်း တွေမှာ လစဉ် ပုံမှန်ထောက်ပံ့ပေးနေတဲ့ ရိက္ခာတွေဖြစ်တဲ့ ဆန် ၁၃.၅ ကီလို၊ ပဲ ၁.၈ ကီလို၊ ဆီ ၀.၉ လီတာနဲ့ ဆား ၁၅၀ ဂရမ်ကို ရရှိမှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013