DVB Logo
Home
မြန်မာသတင်း
ငလျင်ဒဏ်သင့် မန္တလေးတွင်  World Central Kitchen အဖွဲ့က စားနပ်ရိက္ခာလှူဒါန်း (ရုပ်သံ) 
DVB
·
April 10, 2025
ငလျင်ဒဏ်သင့် မန္တလေးတွင်  World Central Kitchen အဖွဲ့က စားနပ်ရိက္ခာလှူဒါန်း (ရုပ်သံ) 
1 / 2
Donate to DVB

ငလျင်ဒဏ်သင့် မန္တလေးမြို့မှာ အမေရိကန်အခြေစိုက် World Central Kitchen အဖွဲ့ဟာ ချက်ပြုတ်စားသောက်နိုင်တဲ့ ရိက္ခာထုပ်တွေကို ဧပြီ ၉ ရက်က စတင်ဖြန့်ဝေနေပြီ ဖြစ်ပါတယ်။

ရိက္ခာထုပ်ထဲမှာ ဆန်၊ ပဲ၊ မဆလာနဲ့ ငါးပိတို့လိုမျိုး မြန်မာအကြိုက် ချက်ပြုတ်စားသောက်စရာ အမည် ၅၀ ကျော်ပါဝင်ပြီး မိသားစုတခု တပတ်လောက် စားသောက်နိုင်မယ်လို့ ဆိုပါတယ်။

မိသားစုထောင်နဲ့ချီအတွက် ဖြန့်ဝေတယ်လို့ဆိုပြီး သက်ဆိုင်ရာဒေသထဲမှာပဲ ဒေသထွက်ကုန်တွေနဲ့ စီစဉ်ထုပ်ပိုးထားတဲ့ ရိက္ခာတွေက ငလျင်ကြောင့် စားနပ်ရိက္ခာရဖို့ ခက်ခဲနေတဲ့ မိသားစုတွေအတွက် အများကြီး အထောက်အကူဖြစ်စေမယ်လို့ သူတို့က ထုတ်ပြန်ထားပါတယ်။

World Central Kitchen (WCK) ဟာ အရေးပေါ်အခြေအနေမှာ စားနပ်ရိက္ခာတွေ ဖြန့်ဝေပေးတဲ့ အကျိုးအမြတ်မယူတဲ့ အဖွဲ့အစည်းတခု ဖြစ်ပြီး စားဖိုမှူး ဟိုဆေးအန်းဒရေးစ်က ၂၀၁၀ ခုနှစ် ဟေတီငလျင်လှုပ်ပြီးတဲ့နောက် စတင်တည်ထောင်ခဲ့တာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013