
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ရဲ့ နယ်နိမိတ်ဆိုင်ရာ ကြိုးပမ်းအားထုတ်မှုတွေကို အမေရိကန်နိုင်ငံ အမိမြေလုံခြုံရေးဌာန ဝန်ကြီး ခရစ္စတီးနုံးမ်က ဧပြီ ၈ ရက်မှာ ချီးကျူးခဲ့ပြီး နယ်စပ်ကို တရားမဝင်ဖြတ်ကူးသူ အရေအတွက် သမိုင်းဝင် လျော့ကျသွားတာကို ဂုဏ်ပြုလိုက်ပါတယ်။
အရီဇိုးနားပြည်နယ် ဖီးနစ်မြို့က နယ်စပ်လုံခြုံရေး ကုန်စည်ပြပွဲမှာ နုံးမ်က မိန့်ခွန်းအတွင်း ခုလို ချီးကျူးဂုဏ်ပြုလိုက်တာပါ။
ထရမ့်ပ် သမ္မတဖြစ်လာပြီးကတည်းက အမေရိကန်နယ်စပ်မှာ တရားမဝင် ခိုးဝင်လာသူ ၉၄ ရာခိုင်နှုန်း ကျဆင်းသွားပြီး ဖေဖော်ဝါရီလမှာတော့ အမေရိကန်သမိုင်းမှာ တရားမဝင်ခိုးဝင်သူ အနည်းဆုံး အရေအတွက်ကို တွေ့မြင်ခဲ့ပါတယ်။
အချိန်တိုလေးအတွင်းမှာ မမျှော်လင့်တဲ့ အပြောင်းအလဲကို မြင်ရတာ မယုံနိုင်စရာပါပဲလို့ သူက ပြောခဲ့ပါတယ်။
ဝန်ကြီးက တရားမဝင် လူဝင်မှုကြီးကြပ်ရေးကို ကိုင်တွယ်ဖြေရှင်းဖို့ ဉာဏ်ရည်တု AI၊ လက်ဗွေ၊ မျက်စိမြင်လွှာနဲ့ မျက်နှာပုံပန်းသဏ္ဌာန်တို့ကို တိုက်ဆိုင်စစ်ဆေးတဲ့ biometrics နည်းပညနဲ့ DNA မျိုးဗီဇ စစ်ဆေးတာမျိုးလို နည်းပညာအသစ်တွေကို ဌာနက သုံးခဲ့တဲ့အကြောင်း မီးမောင်းထိုးပြခဲ့ပါတယ်။
Source : Reuters











