DVB Logo
Home
မြန်မာသတင်း
ကိုပါကြီး ရုပ်အလောင်းတွင် သေနတ်ဒဏ်ရာ ၅ ချက် တွေ့ရှိ
DVB
·
November 6, 2014
ကိုပါကြီး ရုပ်အလောင်းတွင် သေနတ်ဒဏ်ရာ ၅ ချက် တွေ့ရှိ
Donate to DVB

မွန်ပြည်နယ် ကျိုက်မရောမြို့နယ်မှာ နယ်မြေခံတပ်ဖမ်းဆီးထားစဉ် သေဆုံးခဲ့တဲ့  အလွတ်သတင်း ထောက် ကိုအောင်ကျော်နိုင် (ခ) ကိုပါကြီးရဲ့ အလောင်းကို စစ်ဆေးချက်အရ သေနတ်ဒဏ်ရာ ၅ ချက်တွေ့ရတယ်လို့ ခွဲစိတ်ရာမှာ ပါဝင်တဲ့ ဆရာဝန်တဦးက ပြောကြောင်း ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေး အမျိုးသမီး ကွန်ရက်အဖွဲ့ဝင် နော်အုန်းလှက ပြောပါတယ်။

Ko Par Gyi“အဖြေကတော့ သေနတ်ဒဏ်ရာက ၅ ချက်ပေါ့။ မေးစေ့ကနေပြီး ခေါင်းကို ပေါက်သွား တာက တချက်၊ ပြီးတော့ နောက်ကျောကနေ ၂ ချက်ပေါ့။  ရင်ဘတ်ကို ပွင့်သွားတယ်။  ပြီးရင် ပေါင်ကနေပြီး တချက် ပွင့်သွားတယ်။  ခြေဖနောင့် တချက်ပွင့်သွားတယ်ပေါ့နော်။ နောက်က ပွင့်တာက နံရိုးကျိုးသွားတယ်လို့ ခွဲစိတ်တဲ့ ဆရာဝန်တွေက ပြောတယ်။”

ကိုပါကြီးဟာ သေနတ်လုထွက်ပြေးတဲ့အတွက် ပစ်ခတ်ဖမ်းဆီးရင်း သေဆုံးခဲ့တယ်လို့ စစ်တပ်က ထုတ်ပြန်ထားပါတယ်။

အခုထွက်ရှိတဲ့ ရလဒ်နဲ့ပတ်သက်ပြီးတော့ နော်အုန်းလှက သူ့ထင်မြင်ချက်ကို အခုလို ပြောပါတယ်။

“ထွက်ပြေးလို့ ပစ်ရင် ခန္ဓာကိုယ်ပဲရှိမှာပေါ့။ ဒီမေးစေ့ကနေ ခေါင်းကို ဘယ်လိုလုပ် ပွင့်ထွက်နိုင်မလဲ။ ဒါကတော့ လူတိုင်း တွေးလို့ရတယ်လေ။ မေးစေ့ကနေ ခေါင်းကို သေနတ်နဲ့ ခေါင်းကို ပေါက်သွားတယ်ဆိုတာ အနီးကပ်မှ ရမှာပေါ့။ အဝေးကနေ ဘယ်လိုရမှာလဲ။”

နိုဝင်ဘာလ ၅ ရက် နေ့ညနေပိုင်းက ကျိုက်မရောမြို့နယ်အပိုင်ကနေ အလောင်း ဖော်ယူပြီးနောက် မော်လမြိုင်ဆေးရုံကို သယ်ဆောင်ပြီး မှုခင်းဆရာဝန်တွေ စစ်ဆေးခဲ့တာပါ။

ကိုပါကြီး အလောင်းစစ်ဆေးမှုနဲ့ ပတ်သက်ပြီး အစိုးရတာဝန်ရှိသူတွေကတော့ တရားဝင် သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

မွန်ပြည်နယ် ကျိုက်မရောမြို့နယ်မှာ နယ်မြေခံတပ်ဖမ်းဆီးထားစဉ် သေဆုံးခဲ့တဲ့  အလွတ်သတင်းထောက် ကိုအောင်ကျော်နိုင် (ခ) ကိုပါကြီးရဲ့ အလောင်း ရန်ကုန်ကို မသယ်ဆောင်ဖို့ မနေ့ညက ဘွဲ့အမည်မသိ သံဃာ ၈ ပါးက လာရောက်တားမြစ်ကြတယ်လို့  ဇနီးဖြစ်သူ ဒေါ်သန္တာက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013