DVB Logo
Home
မြန်မာသတင်း
သရုပ်ဆောင် အောင်မြင့်မြတ်၏ ငလျင်အလှူကမ်ပိန်း မြန်မာကျပ်ငွေ သိန်း ၃၀၀ ကျော်ရရှိ
DVB
·
April 9, 2025
သရုပ်ဆောင် အောင်မြင့်မြတ်၏ ငလျင်အလှူကမ်ပိန်း မြန်မာကျပ်ငွေ သိန်း ၃၀၀ ကျော်ရရှိ
Donate to DVB

ငလျင်ဒဏ်ကြောင့် ဘေးဒဏ်သင့်ခဲ့ရတဲ့ မြန်မာနိုင်ငံအနှံ့က ပြည်သူတွေအတွက် သရုပ်ဆောင် အောင်မြင့်မြတ်က Way Back Home ရက်တို ကမ်ပိန်းတခု ပြုလုပ်ခဲ့ပါတယ်။

အဲဒီကမ်ပိန်းမှာ သူကိုယ်တိုင်ရေးဆွဲထားတဲ့ ပန်းချီကား၊ ပြည်သူတချို့ကနေ ပါဝင်လာတဲ့ ရွှေဆွဲကြိုးနဲ့ ရွှေလက်စွပ် မောင်းကွင်း ၂ ကွင်းကို မဲလက်မှတ်ရောင်းချပြီး သူ့မွေးနေ့အမှတ်တရအဖြစ် ဧပြီ ၈ ရက် ညက မဲဖောက်ပေးခဲ့တာပါ။

အဲဒီလို မဲလက်မှတ်ရောင်းချမှုကနေ မြန်မာကျပ်ငွေ သိန်း ၃၆၀ ရရှိခဲ့ပြီး ငလျင်ဒဏ်ခံစားရတဲ့ ဒေသတွေဖြစ်တဲ့ စစ်ကိုင်း၊ မန္တလေး စတဲ့နေရာတွေကို ရရှိတဲ့ ငွေသား ၃ ပုံ ပုံပြီး လှူသွားမယ်လို့ သရုပ်ဆောင် အောင်မြင့်မြတ်က DVB ကို ပြောပါတယ်။

သရုပ်ဆောင် အောင်မြင့်မြတ်ရဲ့ Way Back Home ရက်တိုကမ်ပိန်းကို ဧပြီ ၃ ရက်ကနေ ၇ ရက်အထိ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013