
အမေရိကန်ပြည်ထောင်စုဟာ ပနားမားတူးမြောင်းကို တရုတ်လွှမ်းမိုးမှုကနေ ပြန်လည်သိမ်းယူမှာ ဖြစ်ကြောင်း အမေရိကန်ကာကွယ်ရေးဝန်ကြီး ပိထ်ဟဂ်ဆီသ်က ဧပြီ ၈ ရက် ဗဟိုအမေရိကနိုင်ငံ ခရီးစဉ်မှာ ပြောကြားခဲ့ပါတယ်။
ပိထ်ဟဂ်ဆီသ်က ပနားမားအစိုးရနဲ့ ဆွေးနွေးပြီးနောက်မှာ ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုနက်ရှိုင်းစေမယ်လို့ ကတိပြုခဲ့ပြီး သူလျှိုလုပ်ဖို့အတွက် တရုတ်ကုမ္ပဏီတွေရဲ့ စီးပွားဖြစ် ဆက်ဆံရေးကို အသုံးချပြီး ဒီတူးမြောင်းကို လက်နက်အဖြစ်သုံးဖို့ တရုတ်ကို ခွင့်မပြုဘူးလို့ ပြောပါတယ်။
“တရုတ်ရဲ့ သြဇာလွှမ်းမိုးထားမှုကနေ ပနားမားတူးမြောင်းကို အတူတကွ ပြန်သိမ်းကြမယ်” လို့ ဟဂ်ဆီသ်က ပြောဆိုပြီး “ပနားမားနဲ့အတူတူ ဦးဆောင်ပြီးတော့ တူးမြောင်းကို ဘေးကင်းလုံခြုံအောင်နဲ့ နိုင်ငံအားလုံးအတွက် အသုံးပြုနိုင်အောင် ထိန်းသိမ်းသွားမှာ ဖြစ်ပါတယ်” လို့လည်း ဆိုပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က တူးမြောင်းကို ပြန်လည်သိမ်းယူလိုကြောင်း ထုတ်ဖော်ပြောကြားခဲ့ပြီး အမေရိကန်သင်္ဘောတွေကို ပနားမားနိုင်ငံက ဖြတ်သန်းခ အလွန်အကျွံ ကောက်ခံတယ်လို့ ဝေဖန်ထားပါတယ်။
Source : Reuters