DVB Logo
Home
မြန်မာသတင်း
ပျော်ဘွယ်၊ သဲတောနှင့် ဝမ်းတွင်းက ငလျင်ဘေးသင့်ပြည်သူများ အကူအညီမရသေး
DVB
·
April 8, 2025
ပျော်ဘွယ်၊ သဲတောနှင့် ဝမ်းတွင်းက ငလျင်ဘေးသင့်ပြည်သူများ အကူအညီမရသေး
Donate to DVB

မြေငလျင်ကြောင့် ထိခိုက်ပျက်စီးခဲ့တဲ့ ပျော်ဘွယ်မြို့၊ သဲတောမြို့နဲ့ ဝမ်းတွင်းမြို့တွေက ငလျင်ဘေးသင့် ပြည်သူတွေဟာ စစ်ကောင်စီရဲ့ ကူညီထောက်ပံ့မှုတွေ ဘာတခုမှ မရရှိဘူးလို့ လူမှုကူညီရေးအသင်း တာဝန်ရှိသူက ပြောပါတယ်။

စစ်ကိုင်းတိုင်းကို ဗဟိုပြုပြီး လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် စစ်ကိုင်း၊ မန္တလေးမြို့ကြီးတွေ နည်းတူ   ထိခိုက်ပျက်စီးခဲ့တဲ့ ပျော်ဘွယ်မြို့၊ သဲတောမြို့နဲ့ ဝမ်းတွင်းမြို့တွေမှာ နေအိမ်၊ အဆောက်အအုံ၊ စက်ရုံပေါင်းအလုံး ၃၂၀ ပြိုကျ ပျက်စီးခဲ့ပါတယ်။

မြေငလျင်လှုပ်ခတ်မှုကြောင့် သေဆုံးသူ ၂၀၀ ကျော်နဲ့ ဒဏ်ရာရသူ ၈၀ ကျော် ရှိခဲ့ပါတယ်။ ဒါ့အပြင် မြို့နယ်အတွင်းက ဘုရားစေတီ၊ ကျောင်းပေါင်း ၂၀၀ နီးပါးနဲ့ ဗလီ ၄ လုံး ပြိုကျပျက်စီးခဲ့ပါတယ်။ ဧပြီ ၈ ရက်နေ့ မနက် ၄ နာရီ ၁၈ မိနစ်က ဝမ်းတွင်းမြို့နယ်၊ ကြွယ်ကန်ကျေးရွာကို ဗဟိုပြုပြီး ငလျင်ထပ်မံ လှုပ်ခတ်ခဲ့ပါတယ်။

လူမှုကူညီရေးအသင်း တာဝန်ရှိသူက “ကိုယ်အစီအစဉ်နဲ့ ကိုယ်ပဲ။ ဘယ်နေရာကမှ ထောက်ပံ့မှု မလာသေးဘူး။ တဲထိုးနေတာထက် ဒီမှာကျတော့ မြို့ကျဉ်းတယ်။ မိသားစုဆိုတော့ ကိုယ်အိမ်ပြိုတော့ သူများအိမ်လာနေတယ်။ ဒါမျိုးလေးတွေ ရှိတယ်။ တဲထိုးနေတဲ့အဆင့်တော့ တယောက်မှ မရှိဘူး။ နောက်ပြီး ဒီမှာက ကယ်ဆယ်ရေး စခန်းမရှိဘူး။ လောလောဆယ်အနေအထားမှာ ကျန်းမာရေးပိုင်းလည်း မတွေ့ရသေးဘူး”လို့ ပြောပါတယ်။

လက်ရှိမှာလည်း စေတီ ၄ ဆူ၊ တံခွန်တိုင် ၃ ဆူနဲ့ ကျောင်းဆောင်ကြီး ၄ ဆောင်ပြိုကျ ပျက်စီးခဲ့တဲ့အပြင် သံဃာ ၃ ပါး ပျံလွန်တော်မှုခဲ့တဲ့ သိမ်တောင်တောရကျောင်းတိုက်မှာလည်း စက်ယန္တရား အကူအညီတွေ လိုအပ်နေတယ်လို့ သိမ်တောင်တောရကျောင်းတိုက် ဆရာတော်  ဦးနရိန္ဒက မိန့်ပါတယ်။

“အခုအချိန်အထိ ဦးပဥ္စင်းတို့ဆီ မလာပါဘူး။ ဘယ်ကမှ မလာသေးပါဘူး။ လောလောဆယ် ပြိုပျက်နေတဲ့ ဥစ္စာတွေကို  လူအင်အားနဲ့ပဲ ကျောင်းရှိ သံဃာတွေ၊ သီလရှင်တွေနဲ့ လုပ်နေတယ်။ နည်းနည်းလေး ဝိတ်ပါတဲ့ဟာတွေကျ မရဘူး။ အဲတာလေးတွေ စက်ပစ္စည်းလေးတွေနဲ့ရှင်းရင် ကောင်းတာပေါ့။ အခုဟာက ဦးပဥ္စင်းတို့ ဘာသာ လုပ်ရတာ။” 

မြန်မာနိုင်ငံမှာ အင်အားပြင်းငလျင်လှုပ်ခတ်မှုကြောင့် စုစုပေါင်း သေဆုံးသူအရေအတွက် ၄၃၃၅ ယောက်နဲ့ ထိခိုက်ဒဏ်ရာရသူ ၆၅၈၈ ယောက်၊ ပျောက်ဆုံး ၂၁၀ ယောက်နဲ့ ကယ်ဆယ်ရရှိထားသူ ၆၅၃ ယောက် ရှိပြီလို့ ဒီဗွီဘီက ဧပြီလ ၇ ရက်နေ့ ည ၅ နာရီအထိ စုစည်းရရှိထားတဲ့ အချက်အလက်တွေအရ သိရပါတယ်။   

အောင်ခန့်

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013