DVB Logo
Home
မြန်မာသတင်း
ကိုပါကြီးအလောင်းသယ်ယူရန် အမည်မသိ သံဃာတော်အဖွဲ့ တားမြစ်
DVB
·
November 6, 2014
ကိုပါကြီးအလောင်းသယ်ယူရန် အမည်မသိ သံဃာတော်အဖွဲ့ တားမြစ်
Donate to DVB

မွန်ပြည်နယ် ကျိုက်မရောမြို့နယ်မှာ နယ်မြေခံတပ်ဖမ်းဆီးထားစဉ် သေဆုံးခဲ့တဲ့  အလွတ်သတင်း ထောက် ကိုအောင်ကျော်နိုင် (ခ) ကိုပါကြီးရဲ့ အလောင်းကို ရန်ကုန်ကို မသယ်ဆောင်ဖို့ ဘွဲ့ အမည်မသိ သံဃာ ၈ ပါးက လာရောက်တားမြစ်ကြတယ်လို့  ဇနီးဖြစ်သူ ဒေါ်သန္တာက ပြောပါတယ်။

နိုဝင်ဘာလ ၅ ရက် န့ညနေပိုင်းက ကျိုက်မရောမြို့နယ်အပိုင်ကနေ အလောင်း ဖော်ယူပြီးနောက် မော်လမြိုင်ဆေးရုံကို သယ်ဆောင်ပြီး မှုခင်းဆရာဝန်တွေ စစ်ဆေးခဲ့ပါတယ်။ ဒီနောက် အလောင်းကို မူလအစီအစဉ်အတိုင်း  ရန်ကုန်ကို သယ်ဆောင်ဖို့ မိသားစုတွေ စီစဉ်လုပ်ဆောင်နေချိန်မှာ အမည်မသိ သံဃာတော်တွေက လာတားမြစ်ကြတာလို့ ပြောပါတယ်။

[caption id="attachment_69911" align="alignright" width="428"]အလောင်းပြန်လည်တူးဖော်စဉ် အလောင်းပြန်လည်တူးဖော်စဉ်[/caption]

“ဒီအလောင်းကို သယ်ယူခွင့် မပေးနိုင်ဘူးပေါ့၊ အခုမြို့မိမြို့ဖတွေလည်း တားနေပါတယ်၊ မွန်ရိုးရာဓလေ့အရလည်း တနယ်နဲ့တနယ် ဖြတ်သယ်လို့မရဘူး၊ တကယ်လို့ ဖြတ်သယ်မယ်ဆို ရင် ငါတို့က ရအောင်တားမှာပဲ၊ နယ်တွေတိုင်းကနေ ထွက်တားမှာပဲ’ တဲ့။ နောက်ထူးခြားတာ တခုကတော့ ‘တကယ်လို့ အလောင်းကို အတင်းသယ်သွားမယ်ဆိုရင် ရခိုင်အရေးအခင်းလို ဖြစ်သွားချင်သလား’ လို့လည်း ပြောပါတယ်။”

မနေ့ညက မော်လမြိုင်မြို့နယ်ဆေးရုံအုပ်ကြီးက သူတို့အဖွဲ့ကိုခေါ်တွေ့ပြီး အလောင်းဟာ ၁ လလောက် ကြာအောင် ရှိနေပြီး အနံ့အသက်မကောင်းတော့လို့ မသယ်ပဲ မော်လမြိုင်မှာပဲ ပြာချဖို့ ပြောဆိုခဲ့ပါတယ်။

ဒါပေမယ့် သူတို့အဖွဲ့ကတော့ နာရေးကူညီမှုအသင်းရဲ့ ကူညီမှုကြောင့် စင်ကာပူက လာတဲ့ခေါင်းနဲ့ အိတ်တွေပါတယ်။ အနံ့အသက်တွေ မထွက်ပဲ သယ်သွားမယ်လို့ ပြောဆိုတဲ့အတွက် ဆေးရုံအုပ် သယ်ယူချင်တဲ့ဆန္ဒ ရှိတယ်ဆိုရင် သယ်ယူဖို့ ပြောဆိုခဲ့တယ်လို့လည်း ဒေါ်သန္တာက ပြောပါ တယ်။

ဒီလို ပြောဆိုဆွေးနွေးပြီးအပြန်မှာ အမည်မသိ သံဃာတော်တွေက လာတားတာလို့ ဆိုပါ တယ်။ လာတဲ့ သံဃာတွေရဲ့ ဘွဲ့နံမည် ကျောင်းတိုက်ကို မေးရာမှာလည်း ပြန်မဖြေဘူးလို့ သံဃာတော်တွေနဲ့ တွေ့ခဲ့တဲ့ အမျိုးသမီးကွန်ရက်အဖွဲ့ဝင် နော်အုန်းလှက ပြောပါတယ်။

“ဘယ်ကမှန်း မေးလို့ မရပါဘူး။ ဘယ်ကျောင်းကလဲလို့ မေးလည်း မပြောပါဘူး။ နောက်ပြီး ဘုန်းကြီးက အရက်စော်လည်း နံနေတယ်။ အန်တီနဲ့ ကပ်စကားပြောတာကိုး။”

မွန်ဓလေ့အရ တားမြစ်တယ်လို့ ပြောဆိုတဲ့အပေါ် မွန်မျိုးသားပါတီက ဗဟို ကော်မတီဝင် နိုင်လယိတမက “မွန်ဓလေ့ ထုံးတမ်းအရ ဒေသခံတွေက သဘောမတူဘူး။ ဒီစကားတွေ ညကဆေးရုံမှာ သွားပြောတဲ့ သံဃာတော်တွေက မွန်သံဃာတော်တွေ တပါးမှ မပါဘူး။ ကျနော်တို့က မွန်သံဃာတော်တွေက ပြောတယ်လို့ လက်မခံနိုင်ဘူး။ ဘယ်ကျောင်း၊ ဘယ်ဘွဲ့ မပြောဘဲနဲ့ မွန်သံဃာတော်တွေကို ခုတုံးလုပ်ပြီးတော့ အချင်းချင်းကြားမှာ ဝေေ၀၀ါးဝါးဖြစ်အောင် လုပ်တယ်လို့ ယူဆပါတယ်။ ဘာလို့လဲဆိုတော့ မနေ့က သွားပြောတဲ့ သံဃာတွေက မွန်စကားတောင် မတတ်တဲ့ သံဃာတော်တွေဖြစ်တယ်”လို့ ပြောပါတယ်။

ဒါ့အပြင် မနေ့က ရွှေဝါချောင်ကနေ မော်လမြိုင်ဆေးရုံအထိ သယ်လာတဲ့ တောက်လျှောက်ဖြတ်သန်းလာခဲ့တဲ့ရွာတွေဟာ မွန်ရွာတွေဖြစ်ပြီး ဘာမှ ကန့်ကွက်သံတွေ မကြားခဲ့ရဘူးလို့ နိုင်လယိတမက ဖြည့်စွက် ပြောဆိုပါတယ်။

ဒေါ်သန္တာကတော့ ဆေးရုံမှာ အလောင်းကို စစ်ဆေးပြီးရင်တော့ အစောပိုင်းက အမှုဖွင့်ထားတဲ့အတိုင်း ကိုပါကြီးလောင်းကို သူ့မွေးရပ်ဇာတိမှာ သင်္ဂြိုဟ်ဖို့ သယ်ဆောင်သွားမယ်လို့ ပြောပါတယ်။

“အခု အစ်မ ကျိုက်မရော မြို့နယ်မှူးကို ပြောခဲ့တယ်။ သူက အလောင်းကိစ္စနဲ့ပတ်သက်လို့ သေမှုသေခင်းဖွင့်ထားတော့ ဒီဟာက အစိုးရမှာ တာဝန်ရှိတယ်။ အစိုးရလုံခြုံရေးနဲ့ ကျမ ခင်ပွန်းသည် အလောင်းကို ရန်ကုန်ပို့ပေးရမယ်လို့ အစ်မ အခု မနက် ပြောခဲ့တယ်။ သူက ချက်ချင်း အထက်ကို ဖက်စ်ပို့ပြီးတော့ အကြောင်းပြန်ပါ့မယ်လို့ ပြောပါတယ်။”

ကိုပါကြီးအလောင်းကို မနေ့က ရွှေဝါချောင်းရွာအနီးမှာ ပြန်လည်တူးဖော်ခဲ့ကြတာ ဖြစ်ပါ တယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013