DVB Logo
Home
နိုင်ငံတကာ
စီးပွားရေး မတည်ငြိမ်မှုကို တောင့်ခံထားရန် အမေရိကန်လူထုကို သမ္မတထရမ့်ပ် တိုက်တွန်း
DVB
·
April 7, 2025
စီးပွားရေး မတည်ငြိမ်မှုကို တောင့်ခံထားရန် အမေရိကန်လူထုကို သမ္မတထရမ့်ပ် တိုက်တွန်း
Donate to DVB

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ခုသီတင်းပတ်အစောပိုင်းက မိတ်ဆက်ခဲ့တဲ့ အခွန်စည်းကြပ်မှုတွေကြောင့် ဖြစ်လာတဲ့ စီးပွားရေး မတည်ငြိမ်မှုတွေ​ကြားမှာ အလျှော့မပေးဘဲ တောင့်ခံထားဖို့ ဧပြီ ၅ ရက်မှာ အမေရိကန်ပြည်သူတွေကို ပြောလိုက်ပါတယ်။

“စီးပွားရေးတော်လှန်ရေး” လို့ခေါ်တဲ့ “သမိုင်းဝင်” ရလဒ်တွေကို ရစေမယ်လို့လည်း အမေရိကန်သမ္မတက သူ့ရဲ့ Truth  လူမှုကွန်ရက်မှာ ပြောရင်း ကတိပြုခဲ့ပါတယ်။

ဧပြီ ၂ ရက်က အကောက်ခွန် ကြေညာမှုရဲ့ ဆိုးကျိုးတွေနဲ့ ပတ်သက်တဲ့ နှိုးဆော်ချက်တွေက ကမ္ဘာ့ဘဏ္ဍာရေးစျေးကွက်တွေကို  သက်ရောက်မှုရှိနေတာပါ။

Wall Street ရှယ်ယာစျေးကွက်မှာ စိုးရိမ်မှုအဆင့်က ၅ နှစ်အတွင်း အမြင့်ဆုံး ဖြစ်ခဲ့ပြီး စီးပွားရေးတိုးတက်မှုနဲ့ ပတ်သက်တဲ့ တုန်လှုပ်ချောက်ချားမှုတွေ၊ စိုးရိမ်ပူပန်မှုတွေကို ဘဏ္ဍာရေးဆိုင်ရာ အမှုဆောင်အရာရှိတွေက ထုတ်ပြောခဲ့ကြပါတယ်။

ရှေ့လျှောက် စီးပွားရေးကျဆင်းမှု အန္တရာယ်ကို ကြောက်ရွံ့နေကြတယ်လို့ ရင်းနှီးမြှုပ်နှံသူတွေက ပြောပါတယ်။

တရုတ်နိုင်ငံကလည်း အမေရိကန်ကုန်ပစ္စည်းအားလုံးအပေါ် စည်းကြပ်ခွန်အသစ်တွေ စည်းကြပ်လိုက်လို့ နက်စ်ဒက်ခ် ကွန်ပိုဇစ် စတော့စျေးကွက် ညွှန်းကိန်းဟာ  နှစ်ရက်အတွင်း ၁၀ ရာခိုင်နှုန်းကျော် ကျဆင်းသွားခဲ့ပါတယ်။ ကမ္ဘာ့ကုန်သွယ်ရေး စစ်ပွဲအတွက် စိုးရိမ်မှုတွေလည်း ပေါ်ပေါက်ခဲ့ပါတယ်။

Source : Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013