အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေကို ဧပြီ ၅ ရက်က နိုင်ငံတဝန်း ပြလုပ်ခဲ့ပြီး လူထောင်ပေါင်းများစွာ ပါဝင်ခဲ့ကြပါတယ်။
ဒါဟာ ထရမ့်ပ် သမ္မတအဖြစ် ဇန်နဝါရီလက စတင်တာဝန်ယူပြီးနောက် အကြီးများဆုံး ဆန္ဒပြပွဲပဲ ဖြစ်ပါတယ်။
“Hand Off” ဆန္ဒပြပွဲတွေကို အမေရိကန်ရှိ ပြည်နယ် ၅၀ မှာရှိတဲ့ နေရာ ၁,၂၀၀ မှာ စီတန်းလှည်လည်ဖို့ ပစ်မှတ်ထားခဲ့တာ ဖြစ်ပါတယ်။
ဘော်စတွန်၊ ချီကာဂို၊ လော့စ်အိန်ဂျလိစ်၊ နယူးယော့ခ်၊ ဝါရှင်တန်ဒီစီနဲ့ တခြားမြို့တွေလည်း ပါဝင်ပါတယ်။
ဆန္ဒပြသူတွေက လူမှုရေးတွေကနေ စီးပွားရေးကိစ္စရပ်တွေထိပါ ထရမ့်ပ်ရဲ့ လုပ်ရပ်တွေကို လက်ရှောင်ဖို့ ဆန္ဒပြခဲ့တာ ဖြစ်ပါတယ်။
ဆန္ဒပြသူတွေဟာ ကနေဒါကို လက်ရှောင်၊ ဂရင်းလန်းကို လက်ရှောင်၊ ယူကရိန်းကို လက်ရှောင်ဆိုတဲ့ သံပြိုင်အော်ဟစ်မှုတွေနဲ့ ထရမ့်ပ်ရဲ့ အမေရိကန်နိုင်ငံရေး မူဝါဒ ပြောင်းလဲမှုကို ရည်ညွှန်းခဲ့ကြပါတယ်။
ဝါရှင်တန်ဒီစီမှာ ဒီမိုကရက်တစ်အမတ်တွေရဲ့ ဟောပြောမှုကိုလည်း ထောင်နဲ့ချီတဲ့ ဆန့်ကျင်သူတွေက စောင့်ကြည့်ခဲ့ပါတယ်။
ဆန္ဒပြသူတွေဟာ ထရမ့်ပ်နဲ့ ဘီလီယံနာ အီလွန်မတ်စ်ခ်ကို ပစ်မှတ်ထားပြီး ဆန္ဒဖော်ထုတ်ခဲ့ကြတာ တွေ့ရပါတယ်။
ထရမ့်ပ်ကတော့ စနေနဲ့ တနင်္ဂနွေနေ့တွေမှာ လူရှေ့မထွက်ဘဲ ဖလော်ရီဒါမှာရှိတဲ့ သူ့ရဲ့ Mar-a-Largo ဇိမ်ခံနေအိမ်မှာ ဂေါက်သီးရိုက်လေ့ရှိပါတယ်။
အိမ်ဖြူတော်ကတော့ ထရမ့်ပ်ရဲ့ရာထူးကို ကာကွယ်ဖို့ ကြေညာချက်တခု ထုတ်ပြန်ထားပါတယ်။
ထရမ့်ပ်ဟာ ဒီမိုကရက်တွေက ခြိမ်းခြောက်နေတဲ့ သက်ကြီးရွယ်အို ကာကွယ်စောင့်ရှောက်ရေး အစီအစဉ်ကို ဆက်ပြီး ကာကွယ်သွားမယ်လို့ ဖော်ပြပါတယ်။
“ထရမ့်ပ်ရဲ့ ရာထူးကတော့ ရှင်းပါတယ်။ သူဟာ လူမှုလုံခြုံရေး၊ သက်ကြီးစောင့်ရှောက်မှုနဲ့ ဆင်းရဲသားတွေအတွက် ဆေးဝါးအကူအညီ ပေးမှုတွေကို အမြဲကာကွယ်လေ့ရှိပါတယ်။ ဒီမိုကရက်တွေရဲ့ ရပ်တည်ချက်က လူမှုလုံခြုံရေး၊ သက်ကြီးစောင့်ရှောက်မှုနဲ့ ဆင်းရဲသား ဆေးဝါးကူညီမှုတွေကို တရားမဝင် နိုင်ငံခြားသားတွေကို ပေးမှာပါ။ ဒါက ဒီအစီအစဉ်တွေကို ဒေဝါလီခံရစေနိုင်ပြီး အမေရိကန်သက်ကြီးရွယ်အိုတွေကို ထိခိုက်စေမှာပါ” လို့ အိမ်ဖြူတော် ထုတ်ပြန်ချက်မှာ ပါဝင်ပါတယ်။
အမေရိကန်မှာလိုပဲ ထရမ့်ပ်ကို ဆန့်ကျင်မှုတွေကို ဥရောပတိုက်ရဲ့ မြို့တွေဖြစ်တဲ့ ဘာလင်၊ ဖရန့်ဖတ်၊ ပါရီနဲ့ လန်ဒန်မြို့တို့မှာလည်း ဆန္ဒဖော်ထုတ်မှုတွေ ပြုလုပ်ခဲ့ကြပါတယ်။
Source : Reuters