
ရုပ်သံလိုင်းတွေ၊ FM ရေဒီယိုတွေနဲ့ ဖက်စပ်စာချုပ်တွေ ပြင်ဆင်ချုပ်ဆိုတာနဲ့ ပတ်သတ်ပြီး ပြန်ကြားရေးဝန်ကြီးဌာနက နိုဝင်ဘာလ ၅ ရက်နေ့က ရန်ကုန်မြို့က မြန်မာနိုင်ငံ စာရေးဆရာများအသင်း၊ အစည်းအဝေးခန်းမမှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။
အရင်က ချုပ်ဆိုထားတဲ့ စာချုပ်တွေဟာ ခေတ်နဲ့ မကိုက်ညီတော့တာနဲ့ မကြာမီ ပြဋ္ဌာန်းမယ့် ရုပ်သံလွှင့် ဥပဒေအရ အခုလို ပြင်ဆင်ချုပ်ဆိုတာဖြစ်တယ်လို့ ပြောပါတယ်။
အရင်စာချုပ်တွေအရ ဖက်စပ်လုပ်ကိုင်မှုကနေ နိုင်ငံတော်အနေနဲ့ ၁၉၃.၇ သန်းခန့်ရရှိပြီး အခု ကတော့ ၃၇၅.၄ သန်းထိ တိုးတက်ရရှိလာမယ်လို့ ပြောပါတယ်။ ဒီဝင်ငွေတွေကတော့ ကုမ္ပဏီတွေကို အခြေခံအဆောက်အအုံတွေ ငှားရမ်းမှုကတဆင့် ရရှိမှာဖြစ်ပါတယ်။










