DVB Logo
Home
မြန်မာသတင်း
မြန်မာငလျင်ဘေး အိန္ဒိယနှင့် တရုတ်တို့ ပိုမိုကူညီကြရန် အမေရိကန် တိုက်တွန်း 
DVB
·
April 6, 2025
မြန်မာငလျင်ဘေး အိန္ဒိယနှင့် တရုတ်တို့ ပိုမိုကူညီကြရန် အမေရိကန် တိုက်တွန်း 
Donate to DVB

အမေရိကန်ဟာ ကမ္ဘာ့အစိုးရမဟုတ်ကြောင်းနဲ့ မြန်မာနိုင်ငံ ငလျင်ဘေး ကူညီထောက်ပံ့ဖို့ အိန္ဒိယနဲ့ တရုတ်တို့လို ချမ်းသာတဲ့နိုင်ငံတွေက ပိုမိုကူညီပေးရမယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီအိုက ပြောကြားလိုက်ပါတယ်။

လူသားချင်းစာနာမှုအကူအညီတွေနဲ့ပတ်သက်ပြီး အမေရိကန်ရဲ့ ရပ်တည်ချက်ကို အမေရိကန် နိုင်ငံခြားရေး၀န်ကြီး မာကိုရူဘီအိုက “ကျနော်တို့က ကမ္ဘာ့အစိုးရ မဟုတ်ဘူး”လို့  နေတိုးစစ်မဟာမိတ်အဖွဲ့ ဌာနချုပ်ရှိရာ ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့မှာ ပြောသွားတာပါ။

လတ်တလော မြန်မာနိုင်ငံမှာ ကြုံတွေ့နေရတဲ့ အင်အားပြင်းငလျင်ဘေးနဲ့ ပတ်သက်ပြီး အိန္ဒိယနဲ့ တရုတ်တို့လို ချမ်းသာနဲ့နိုင်ငံတွေက ပိုမိုသိသိသာသာ လှူဒါန်းထည့်ဝင်ကြဖို့ ပန်ကြားလိုက်တာဖြစ်ပြီး နိုင်ငံတကာ လူသားချင်းစာနာမှုအကျပ်အတည်းတွေမှာ ပိုမိုကျယ်ကျယ်ပြန့်ပြန့် ထည့်ဝင်ကြဖို့  တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။ 

အမေရိကန်အနေနဲ့ အကူအညီတွေပေးသွားမှာ ဖြစ်တယ်၊ ဒါပေမဲ့ တခြားလိုအပ်တာတွေလည်း ရှိသေးလို့ မျှမျှတတ လုပ်ရမယ်၊ မြန်မာနိုင်ငံမှာ စစ်တပ် အုပ်ချုပ်နေတာကြောင့် ကူညီကယ်ဆယ်ရေးလုပ်ရာမှာ အတားအဆီးတွေရှိနေတယ်လို့လည်း ဝန်ကြီး မာကို ရူဘီအိုက ပြောပါတယ်။  

မြန်မာပြည်ဟာ အလုပ်လုပ်ဖို့ အလွယ်ကူဆုံးနေရာမဟုတ်ကြောင်းနဲ့  အမေရိကန်က လုပ်ချင်တဲ့ ကူညီကယ်ဆယ်ရေး နည်းလမ်းကို မြန်မာစစ်တပ်က ခွင့်ပြုမှာမဟုတ်ဘူးလို့လည်း ပြောပါတယ်။ 

ဒါ့အပြင် တရုတ်နိုင်ငံဟာ အရမ်းချမ်းသာတဲ့နိုင်ငံဖြစ်ပြီး အိန္ဒိယဟာလည်း ချမ်းသာတဲ့ နိုင်ငံတနိုင်ငံ ဖြစ်တယ်၊  အဲဒီမှာ အကူအညီတောင်းသင့်တယ်၊ ကမ္ဘာ့လူသားချင်းစာနာမှုအကူအညီရဲ့ ၆၀ ရာခိုင်နှုန်း ၇၀ ရာခိုင်နှုန်းလောက်ကို အမေရိက ဆက်ပြီးထမ်းထားဖို့ မျှော်လင့်တာဟာ မျှတမှုမရှိဘူးလို့လည်း ပြောပါတယ်။ 

အိန္ဒိယဟာ မြန်မာငလျင်ဘေးအတွက် အကူအညီတွေ နာရီပိုင်း အရင်ဆုံးပေးပို့တဲ့ နိုင်ငံတနိုင်ငံ ဖြစ်ပြီး လေကြောင်းကနေရော စစ်သင်္ဘာတွေနဲ့ပါ ကူညီကယ်ဆယ်ရေးအဖွဲ့တွေနဲ့ အကူအညီပေးရေးအဖွဲ့တွေ တန်ချိန်ရာနဲ့ချီ ပေးပို့နေသလို တရုတ်နိုင်ငံကလည်း လေကြောင်းကရော ကုန်းလမ်းကပါ ကယ်ဆယ်ရေးအဖွဲ့တွေနဲ့ အကူအညီပစ္စည်းတွေ အသုတ်လိုက် ပေးပို့နေပါတယ်။

အမေရိကန်ကတော့ မြန်မာနိုင်ငံက ငလျင်ဘေးဒဏ်သင့်ပြည်သူတွေကို ပံ့ပိုးကူညီဖို့  ကနဦးဒေါ်လာ ၂ သန်း ကူညီပေးမယ်လို့ ကြေညာခဲ့ကာ နောက်ပိုင်းမှာ အမေရိကန်ဒေါ်လာ ၇ သန်းလောက်  ထပ်တိုးရန်ပုံငွေအဖြစ် အသုံးပြုသွားမယ်လို့ ထပ်မံကြေညာခဲ့ပါတယ်။

အမေရိကန်မှာ သမ္မတ ဒေါ်နယ်ထရမ့်ပ် အစိုးရတက်လာပြီးနောက် USAID အဖွဲ့ကို ဖျက်သိမ်းလိုက် တာကြောင့် အမေရိကန်ရဲ့ နိုင်ငံတကာကူအညီပေးရေးလုပ်ငန်းတွေ ထိခိုက်ခဲ့ရပြီး မြန်မာငလျင်ဘေး ကူညီဖို့အတွက်လည်း တခြားနိုင်ငံတွေထက်စာရင် နှောင့်နှေးကြန့်ကြာနေတယ်လို့ ဝေဖန်ခံနေရပါတယ်။

Source: Financial Express 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013