DVB Logo
Home
မြန်မာသတင်း
စစ်တပ် လှုပ်ရှားနေသဖြင့် ပြည်သူများ ညဘက်မသွားလာရန် ကျွန်းစုပကဖ ထုတ်ပြန်
DVB
·
April 6, 2025
စစ်တပ် လှုပ်ရှားနေသဖြင့် ပြည်သူများ ညဘက်မသွားလာရန် ကျွန်းစုပကဖ ထုတ်ပြန်
Donate to DVB

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်၊ ဘန္ဒနဲကျေးရွာအုပ်စုက မြစ်ချောင်းတွေမှာ စစ်ကောင်စီက ကြည်းတပ်၊ ရေတပ်နဲ့ ပျူစောထီးအဖွဲ့တွေ အသုံးပြုပြီး စစ်ရေးလှုပ်ရှားလာတာကြောင့် ညနေ ၆ နာရီကနေ မနက် ၆ နာရီအထိ ပြည်သူတွေ မသွားလာကြဖို့ ကျွန်းစုပကဖအဖွဲ့က ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီတပ်တွေ စစ်ရေးလှုပ်ရှားသွားလာနေတဲ့ နေရာတွေဖြစ်တဲ့ သံပြာ-ဘန္ဒနဲမြစ်ကြောင်း၊ ရှော်တောမော်-မန်းကြီးမြစ်ကြောင်းနဲ့ ဝန်တောင်-ရှမ်းပုံမြစ်ကြောင်းတလျှောက်မှာ စစ်သင်္ဘောတွေနဲ့ စစ်ကြောင်းထိုး သွားလာနေတာလို့ သိရပါတယ်။

လက်ရှိ ကျွန်းစုမြစ်ချောင်းတွေမှာ အရင်က စစ်သင်္ဘော ၂ စီးလောက်ပဲ သွားလာနေပေမဲ့ အခုတော့ စစ်ကောင်စီဘက်က စစ်သင်္ဘော ၅ စင်းလောက်အထိ အသုံးပြုလာတယ်လို့ ကျွန်းစုမြို့နယ် ပကဖရဲ့ သတင်းပြန်ကြားရေးတာဝန်ရှိသူတယောက်က ပြောပါတယ်။

“လက်ရှိ မြစ်ကြောင်းတွေမှာ စစ်ကြောင်းထိုးနေတယ်။ ကျနော်တို့နဲ့ ထိတွေ့မှုဖြစ်နိုင်တယ်။ ကြားထဲမှာ ပြည်သူတွေကို ဖမ်းဆီးနှိပ်စက်တာ၊ လှေတွေကို ပစ်ခတ်တာတွေ ကြုံရနိုင်တယ် ဆိုတော့ ဒါမျိုး မဖြစ်ရအောင်ပါ။ ညဘက်ဆို အန္တရာယ်များတယ်လေ၊ မနက်ပိုင်းဆို ကိစ္စမရှိပါဘူး။ အရင်ကလည်း လှုပ်ရှားတာရှိတယ်။ ဒီတကြိမ်ကတော့ အင်အားများတာပေါ့”

ဒေသခံပြည်သူတွေအနေနဲ့ အခုစာထုတ်ပြန်တဲ့နေ့ကစလို့ အသိပေးစာ တစုံတရာမထုတ်ပြန်သရွေ့အထိ ကန့်သတ်ထားတဲ့အချိန်မှာ မသွားလာကြဖို့ ပြောပါတယ်။

ပြီးခဲ့တဲ့ မတ် ၂၆ ရက် မွန်းတည့်ပိုင်းကလည်း ဘန္ဒနဲကျေးရွာအုပ်စု ရှော်တောမော်ကျေးရွာဘက်ကနေ ဝန်တောင်ကျေးရွာဘက်ကို တက်လာတဲ့ စစ်သင်္ဘော ၂ စင်းကို ကျွန်းစုပကဖအဖွဲ့က စောင့်ကြိုတိုက်ခိုက်ခဲ့ပြီး ထိတွေ့တိုက်ပွဲ ပြင်းထန်ခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲအတွင်းမှာ စစ်ကောင်စီရေတပ်သင်္ဘောတွေက လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီးနောက် ဝန်တောင်ကျေးရွာက မိုင်တဲဖုန်းတာဝါတိုင် ထိခိုက်ပျက်စီးခဲ့တယ်လို့လည်း ကျွန်းစုပကဖအဖွဲ့က ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013