
အာဆင်နယ်နောက်ခံလူ ဂါဘရီယယ်ဟာ တံကောက်ကြောဒဏ်ရာကြောင့် ရာသီကုန်အထိ အနားယူရတော့မယ်လို့ သိရပါတယ်။
ဖူဟမ်ကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ပွဲအစ ၁၆ မိနစ်မှာပဲ ဒဏ်ရာကြောင့် လူစားလဲခဲ့ရပြီး စစ်ဆေးမှုတွေ လုပ်ဆောင်ခဲ့ပြီးနောက် ရာသီကုန်အထိ အနားယူရဖို့ ဖြစ်လာတာပါ။
အဓိကနောက်ခံလူ ဂါဘရီယယ် မပါဝင်နိုင်တာက ရီးရဲလ်မက်ဒရစ်နဲ့ ကစားရမယ့် ချန်ပီယံလိဂ်ပွဲစဉ် အပါအဝင် လက်ကျန်ပွဲစဉ်တွေအတွက် ရုန်းကန်ရနိုင်ကြောင်း သုံးသပ်ကြပါတယ်။
ဂါဘရီယယ်ဟာ တံကောက်ကြောဒဏ်ရာကို ခွဲစိတ်ကုသရမှာ ဖြစ်တာကြောင့် အခုနှစ် ရာသီလက်ကျန်ပွဲစဉ်အားလုံးကို လွဲချော်မှာဖြစ်ကြောင်း အာဆင်နယ် အသင်းဘက်ကလည်း သတင်းထုတ်ပြန်ခဲ့ပါတယ်။
Photo-Reuters