DVB Logo
Home
မြန်မာသတင်း
ငလျင်ကြောင့် ချောင်းရေကျဆင်းပြီး ကရင်နီဒေသ သောက်သုံးရေ အခက်ကြုံ
DVB
·
April 5, 2025
ငလျင်ကြောင့် ချောင်းရေကျဆင်းပြီး ကရင်နီဒေသ သောက်သုံးရေ အခက်ကြုံ
Donate to DVB

ရာသီဥတုနဲ့ စစ်ဘေးကြား သောက်သုံးရေခက်တဲ့ ကရင်နီ (ကယား)ပြည်နယ်  ဒီးမော့ဆိုဒေသဟာ ငလျင်ဘေးသင့်ပြီးချိန်မှာတော့ ချောင်းရေကျဆင်းပြီး ရေမသန့်တဲ့ အခြေအနေကို ရင်ဆိုင်နေရပါတယ်။

ဒီးမော့ဆိုမြို့နယ်ဟာ အရင်ကတည်းက နွေရာသီဆိုရင် ရေရှားပါးတဲ့ ဒေသဖြစ်နေပြီး ခုလက်ရှိမှာတော့ ဒေသခံတွေ အားကိုးရတဲ့ နန်းစံဖူးချောင်းက မတ် ၂၈ ရက်မှာ လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် ချောင်းရေက ၃ ဆကျော် ကျဆင်းသွားခဲ့ပြီး ရေလည်း နောက်သွားခဲ့ပါတယ်။ 

ဒေသခံတယောက်က “ရေကျတဲ့ရက် ရေနောက်တဲ့ရက်မှာ သူများ ငါးဖမ်းတာဆို ကျနော် ငါးမဖမ်းချင်တော့ဘူး၊ ငါးမစားချင်တာမဟုတ်ဘူး၊ စိတ်မကောင်းဘူးပေါ့နော်။ ရေက ကိုယ့်အသက်တခုလို ဖြစ်တဲ့အခါကျတော့ ဒီ ရေကျခြင်းအားဖြင့် ကိုယ်တဦးအတွက် မဟုတ်ဘဲနဲ့ တိုင်းသူပြည်သား စစ်ဘေးရှောင်အတွက်လည်း သူတို့လည်း စိတ်မကောင်းဘူးလို့ ကျနော်လည်း ယုံကြည်တာပေါ့နော်” လို့ ပြောပါတယ်။

နန်းစံဖူးချောင်းရေက ဒေသခံတွေအပြင် စစ်ဘေးရှောင်ပြည်သူတွေ အားထားရတဲ့ချောင်းဖြစ်ပြီး သောက်ရေ သုံးရေအပြင် နွေစပါးစိုက်ပျိုးရာမှာလည်း အသုံးပြုကြပါတယ်။

ခုလက်ရှိမှာတော့ ရေနောက်နေပြီး ရေလည်းကျသွားတဲ့အတွက် ဒေသခံပြည်သူတွေနဲ့ စစ်ဘေးရှောင်တွေအတွက် ရေအခက်အခဲရှိနေပြီး ရေအတွက် အဆင်မပြေဖြစ်နေကြပါတယ်။

Jobs for Kayah အဖွဲ့ တာဝန်ခံက “ရေနဲ့ပတ်သတ်ပြီး အရင်ကလည်း ရေကခက်ခဲနေတဲ့ အနေအထားမှာ ခု ပိုပြီးခက်ခဲသွားတာပေါ့။ ရေလှူနေတာက တနေရာကတော့ မနောက်ဘူးပေါ့နော်။ ရေခပ်တဲ့နေရာက ၃ နေရာရှိတယ်၊ တနေရာနဲ့ တနေရာက ဝေးတယ်။ ၂ နေရာက ရေနောက်တယ်ပေါ့နော်။ ရေထွက်ပေါက်က ရေကတော့ စောင့်ကြည့်နေတုန်းပဲဗျ၊။ အဲဒီတော့ အဲဘက်ခြမ်းက စစ်ရှောင်တွေကို အဲဒီချောင်းရဲ့ နံဘေးနားမှာရှိတဲ့ အဝီစိတွင်းရေမှာ သွားဝယ်ပြီးတော့ ခပ်တာပေါ့နော်။ ဒါပေမဲ့ ရေလိုတဲ့ လူနဲ့ ရေပေးနိုင်တဲ့ အနေအထားနဲ့က မလုံလောက်တော့ဘူး ပိုပြီးဆိုးဝါးသွားတာပေါ့” လို့ ပြောပါတယ်။

စစ်ဘေးရှောင်ပြည်သူတွေအတွက် စစ်ရှောင်အရေးကူညီပေးသူတွေက စစ်ရှောင်စခန်းတွေမှာ ရေဝယ်ပြီး ဖြည့်ပေးတာတွေ လုပ်နေပေမဲ့ စစ်ရှောင်အရေအတွက် များပြားတာကြောင့် မလုံလောက်ဘူးလို့ သိရပါတယ်။

စစ်ဘေးရှောင်ပြည်သူတွေအနေနဲ့ နွေရာသီ ရောက်လာတဲ့အတွက် ရေရှားပါးမှုဒဏ်ကို ခံနေရပြီး ငလျင်ကြောင့် ဒေသခံနဲ့ စစ်ဘေးရှောင်တွေ အားထားရတဲ့ချောင်းပါ ရေကျပြီး နောက်နေတာကြောင့် သောက်သုံးရေနဲ့ စိုက်ပျိုးဖို့အတွက် အခက်အခဲတွေ ပိုကြုံနေရတယ်လို့ စစ်ဘေးရှောင်ပြည်သူတွေက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013