DVB Logo
Home
မြန်မာသတင်း
GOT7 အဖွဲ့ဝင် ပတ်ဂျင်ယောင်းက မြန်မာငလျင်အတွက် ဝမ် သန်း ၃၀ လှူဒါန်း
DVB
·
April 4, 2025
GOT7 အဖွဲ့ဝင် ပတ်ဂျင်ယောင်းက မြန်မာငလျင်အတွက် ဝမ် သန်း ၃၀ လှူဒါန်း
Donate to DVB

ကေပေါ့အဖွဲ့တခုဖြစ်တဲ့ GOT7 အဖွဲ့ဝင် ပတ်ဂျင်ယောင်းက မြန်မာနိုင်ငံအတွင်း ငလျင်ဒဏ်သင့်ဒေသတွေက ကလေးငယ်တွေအတွက် မြန်မာကျပ်ငွေ သိန်း ငါးထောင်နဲ့ညီမျှတဲ့ ဝမ်သန်း ၃၀ (အမေရိကန်ဒေါ်လာ ၂၃၀၀၀ ကျော်) ကို Save The Children အဖွဲ့ကနေတဆင့် လှူဒါန်းခဲ့တယ်လို့ ကိုရီးယားသတင်းဌာနတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။

သရုပ်ဆောင် အဆိုတော် ပတ်ဂျင်ယောင်းက “ငလျင်လှုပ်ခတ်မှုဒဏ်ကို ခံစားခဲ့ရတဲ့ ကလေးတွေကို မျှော်လင့်ချက်နည်းနည်းလေးဖြစ်ဖြစ် ပေးချင်ပါတယ်။ ဒီလှူဒါန်းမှုကို ငလျင်ဘေးကယ်ဆယ်ရေးအတွက် အသုံးပြုသွားမယ်လို့ ကျနော် မျှော်လင့်ပါတယ်” လို့ ပတ်ဂျင်ယောင်းက ပြောဆိုထားပါတယ်။

ပတ်ဂျင်ယောင်းက Boy Group -GOT7 အဖွဲ့ဝင်တယောက်ဖြစ်သလို The Devil Judge ၊ Yumi’s cell စတာတွေအပြင် အခု နောက်ဆုံး The Which စတဲ့ ဇာတ်လမ်းတွဲတွေနဲ့ မြန်မာပရိသတ်ရင်းနှီးပြီးသား သရုပ်ဆောင်လည်း တယောက်လည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ရက်တွေမှာတော့ ကိုရီးယားအနုပညာရှင်တွေဖြစ်တဲ့ သရုပ်ဆောင် ဂင်မ်ဂိုအွန်း၊ သရုပ်ဆောင်နဲ့ အဆိုတော် အင်မ်စီဝမ် (Im Si Wan)၊ ကေပေါ့အဖွဲ့ဝင် မင်းနီ (Minnie) တို့ကလည်း မြန်မာငလျင်ဒဏ်သင့်ပြည်သူတွေအတွက် လှူဒါန်းမှုတွေ အသီးသီးပြု လုပ်ခဲ့ကြပါသေးတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013