
လက်တင်အမေရိကဒေသရဲ့ အကြီးဆုံးပွဲဖြစ်တဲ့ ၁၅ ကြိမ်မြောက် LAAD ကာကွယ်ရေးနဲ့ လုံခြုံရေးပြပွဲရဲ့အတွက် ပြပွဲစီစဉ်သူတွေ၊ ဝယ်ယူသူတွေ၊ စစ်ဘက်ဆိုင်ရာ ကိုယ်စားလှယ်အဖွဲ့တွေ ဘရာဇီးနိုင်ငံ ရီယိုဒီဂျနေရိုးမြို့မှာ ဧပြီ ၂ ရက်က စုဝေးခဲ့ကြပါတယ်။
ဧည့်သည်တွေဟာ နိုင်ငံပေါင်း ၂၈ နိုင်ငံက လက်နက်နဲ့ နည်းပညာတွေကနေ မြေပြင်နဲ့ ဝေဟင်သုံး ယာဉ်တွေအထိ အမှတ်တံဆိပ် ၄၀၀ ကျော်ရဲ့ ထုတ်ကုန်တွေကို ကြည့်ရှုနိုင်ခဲ့ပါတယ်။
Motorola ကုမ္ပဏီ ဒုဥက္ကဋ္ဌ ယေရမိနယ်လ်ဆင်က "ဒါက Motorola အတွက် မယုံနိုင်လောက်စရာ ပြပွဲတခုပါ။ ကျနော်တို့ ဒီကိုအပြည့်အ၀ ရောက်ရှိနေတာကို တွေ့နိုင်ပါတယ်။ ကျနော်တို့ အဖွဲ့အားလုံးက ဒီမှာပါ။ ကျနော်တို့ နောက်ဆုံးပေါ် နည်းပညာအားလုံးကို ပြသနေပါတယ်" လို့ ပြောပါတယ်။
LAAD ကာကွယ်ရေးနဲ့ လုံခြုံရေးပြပွဲကို ဧပြီ ၁ ရက် မှာ ဖွင့်လှစ်ခဲ့ပြီး ဧပြီ ၄ ရက် အထိ ပြသမှာ ဖြစ်ပါတယ်။
Source;Reuters










