DVB Logo
Home
နိုင်ငံတကာ
ငလျင်ကြောင့် ထိုင်းသင်္ကြန်လာမည့် ကမ္ဘာလှည့်ခရီးသည်များ ခရီးစဉ်ဖျက်သိမ်း
DVB
·
April 2, 2025
ငလျင်ကြောင့် ထိုင်းသင်္ကြန်လာမည့် ကမ္ဘာလှည့်ခရီးသည်များ ခရီးစဉ်ဖျက်သိမ်း
Donate to DVB

ပြီးခဲ့တဲ့ သောကြာနေ့က မြန်မာနိုင်ငံအလယ်ပိုင်းကို ဗဟိုပြုပြီး လှုပ်ခတ်သွားတဲ့ မြေငလျင်ဟာ ထိုင်းနိုင်ငံ တချို့နေရာထိ တုန်ခါမှုရှိခဲ့တာကြောင့် ထိုင်းနိုင်ငံကို သင်္ကြန်ကာလ အလည်လာမယ့် ကမ္ဘာလှည့်ခရီးသွား ဧည့်သည်တွေကြား အလည်အပတ်ခရီးစဉ် ရုပ်သိမ်းတာတွေ ရှိနေပါတယ်။

မတ် ၂၈ ရက်က ငလျင်လှုပ်ပြီးတဲ့နောက်ပိုင်း ဟိုတယ်အခန်းပေါင်း ၁,၁၀၀ က ခရီးသွား ဧည့်သည်တွေ Check Out လုပ်ပြီး ပြန်သွားကြတယ်လို့ ထိုင်းနိုင်ငံ ဟိုတယ်လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ နိုင်းထိမ်းပဆစ် ချိုင်းဖတ်ထယားနွန်းက သနေရှင်းသတင်းဌာနကို ပြောပါတယ်။

ဒါ့အပြင် ကြိုတင်ပြီး ဟိုတယ်အခန်း ဘွတ်ကင်လုပ်ထားသူတွေလည်း ၃၀ ရာခိုင်နှုန်းလောက် ပြန်ရုပ်သိမ်းသွားတယ်လို့ ဆိုပါတယ်။

ထိုင်းနိုင်ငံမှာ မနှစ်က ခုလို သင်္ကြန်အကြိုကာလတွေမှာဆိုရင် ဘွတ်ကင်လုပ်ထားတဲ့ ဟိုတယ်ခန်းတွေ ပြည့်နေပြီ၊ ဒီနှစ်က တော်တော်ပါးသွားတယ်၊ အထူးသဖြင့် တရုတ်ခရီးသွား ဧည့်သည်တွေ အတော်လျော့သွားတယ်လို့ ဆိုပါတယ်။

ထိုင်းကိုလာမယ့် နိုင်ငံခြားသားတွေက သူတို့အနေနဲ့ သိချင်တာက သူတို့တည်းခိုမယ့် ဟိုတယ်တွေ ခိုင်ခံ့ဘေးကင်းမှု ရှိမရှိ ဖြစ်တယ်။ ခရီးသွားဧည့်သည်တွေအနေနဲ့ အဆောက်အအုံနဲ့ ပတ်သက်တဲ့ ယုံကြည်မှုရှိအောင် အင်ဂျင်နီယာတွေခေါ်ယူ စစ်ဆေးပြီး အာမခံကြောင်း သက်သေ အထောက်အထား ပြသဖို့ လိုအပ်တယ်၊ ဒီကိစ္စနဲ့ပတ်သက်ပြီး ဘန်ကောက်ခရိုင်ဝန်နဲ့ တိုင်ပင် ဆွေးနွေးရမယ်။ ဘယ်ဟိုတယ်၊ ဘယ်အဆောက်အအုံက စိတ်ချရတယ်ဆိုတာကို ဟိုတယ်နဲ့ ခရီးသွားလုပ်ငန်း ဝက်ဘ်ဆိုက်ကနေ ဖော်ပြပေးမယ်ဆိုရင် ထိုင်းကိုလာဖို့ တွေဝေမှာမဟုတ်ဘူးလို့ ဆိုပါတယ်။

မနှစ် ၂၀၂၄ ခုက ထိုင်းနိုင်ငံကို ကမ္ဘာလှည့်ခရီးသွားဧည့်သည် သန်း ၃၀ မှ ၄၀ ထိ လာရောက်လည်ပတ်ခဲ့တယ်၊ ဒီနှစ်မှာတော့ ခရီးသွားဦးရေ ၁၀ မှ ၂၀ ရာခိုင်နှုန်းထိ လျော့နည်းသွားနိုင်တယ်လို့ ဟိုတယ်လုပ်ငန်းရှင်များ ဥက္ကဋ္ဌက ပြောသွားပါတယ်။

ဒေးလီနယူးစ် သတင်းမှာတော့ ဒီနှစ် မတ် ၁ ရက်မှ ၂၃ ရက်အတွင်း ကမ္ဘာလှည့်ခရီးသွား ဧည့်သည်တွေ ထိုင်းကို ၈ ဒသမ ၈၉ သန်း လာရောက်လည်ပတ်ခဲ့တယ်၊ တိုင်းပြည်ဝင်ငွေ ဘတ်သန်းပေါင်း ၄၃၄,၆၆၂ သန်း ရရှိတယ်၊ အဲဒီထဲမှာ တရုတ်နိုင်ငံသား အများဆုံး ၁,၂၅၉,၃၉၁ ယောက်၊ မလေးရှား ၁,၀၅၇,၄၃၈‌ ယောက်၊ ရှရှား ၆၆၇,၉၀၅ ယောက်၊ အိန္ဒိယ ၄၉၈,၃၄၁ ယောက်နဲ့ တောင်ကိုရီးယား ၄၇၅,၁၂၄ ယောက်တို့ ဖြစ်တယ်၊ ဒီ ၂၀၂၅ ရဲ့ ၂ လတာအတွင်း ထိုင်းကို လာရောက်လည်ပတ်သူ ၁၆ ဒသမ ၄၈ သန်းရှိပြီး တိုင်းပြည်ဝင်ငွေ ဘတ်သန်းပေါင်း ၈,၈၀၀ ရရှိခဲ့တယ်လို့ ကရုန်းဆီစစ်တမ်းကို ကိုးကား ဖော်ပြသွားပါတယ်။

Source : The Nation / Dailynews

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013