DVB Logo
Home
မြန်မာသတင်း
တာ့ခ်ခရိုင်တွင် တရားမဝင်မြန်မာ ၁၁ ဦးနှင့် ထိုင်းလမ်းပြ ၂ ဦး ဖမ်းဆီးခံရ 
DVB
·
May 5, 2026
တာ့ခ်ခရိုင်တွင် တရားမဝင်မြန်မာ ၁၁ ဦးနှင့် ထိုင်းလမ်းပြ ၂ ဦး ဖမ်းဆီးခံရ 
1 / 3
ထာ့ဆောင်ယန်း၌ ဖမ်းဆီးခံရသည့် မြန်မာလုပ်သားများ Photo: Thai CJ 
Donate to DVB

ထိုင်း-မြန်မာနယ်စပ်၊ တာ့ခ်ခရိုင်၊ ထာ့ဆောင်ယန်းမြို့နယ်ထဲမှာ မေလ ၄ ရက်က တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာအမျိုးသား ၁၁ ယောက်ကို လမ်းပြ/ယာဉ်မောင်း ထိုင်းအမျိုးသား ၂ ယောက်နဲ့အတူ ဖမ်းဆီးရမိတယ်လို့  ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။ 

နယ်မြေထဲမှာ တရားဥပဒေစိုးမိုးရေး၊ ဥပဒေချိုးဖောက်မှုပပျောက်ရေးအတွက် ထိုင်းစစ်တပ် အမှတ် ၃၅ ခြေလျင်တပ်ရင်းလက်အောက်ခံ  ၃၅၀၄ နဲ့ ၃၅၀၆ စစ်ကြောင်းကတပ်ဖွဲ့ဝင်တွေဟာ ထာ့ဆောင် ယန်းမြို့နယ် ရဲတပ်ဖွဲ့ဝင်တွေနဲ့ပူးပေါင်းပြီး မဲ့ဆောင်ရွာနဲ့ မယ်လကျေးရွာအနီးမှာ စစ်ဆေးရေးဂိတ်ချ စောင့်ကြပ်နေခဲ့တယ်။ 

အဲဒီအချိန်မှာ ဟိုင်းလပ်စ်ကားတစင်းက စစ်ဆေးရေးဂိတ်ရှေ့ ဖြတ်မောင်းလာပါတယ်။ တာဝန်ရှိသူတွေက တားဆီးစစ်ဆေးရာမှာ နောက်ခန်းက အမျိုးသား ၆ ယောက် လိုက်ပါလာပြီး မှတ်ပုံတင် အထောက်အထား တစုံတရာ မပြနိုင်ဘူး၊ ယာဉ်မောင်းထိုင်းအမျိုးသားကတော့ သူတို့ဟာ မြန်မာနိုင်ငံသားတွေဖြစ်ပြီး ထိုင်းနိုင်ငံအတွင်းပိုင်းမှာ အလုပ်သွားလုပ်ဖို့ ခေါ်ဆောင်ခဲ့တာဖြစ်ကြောင်း ဝန်ခံသွားပါတယ်။ 

စစ်ဆေးရေးဂိတ် နောက်တနေရာမှာတော့ သံသယရှိတဲ့ ဆိုင်ကယ် ၃ စီးနဲ့  လူ ၆ ယောက်ကို တားဆီးစစ်ဆေးခဲ့တယ်။ ဆိုင်ကယ်တစီးကို လူ ၂ ယောက်စီ စီးလာတာဖြစ်တယ်။ အထောက်အထားတွေ စစ်ဆေးရာမှာ အမျိုးသား တယောက်သာလျှင် ထိုင်းမှတ်ပုံတင်ရှိတယ်။ အဆိုပါ ထိုင်းကလည်း မြန်မာလုပ်သားတွေကို အတွင်းပိုင်းဘက် ဆက်ပို့ပေးဖို့  လမ်းပြခေါ်ဆောင်ခဲ့ကြောင်း ဝန်ခံပါတယ်။ 

တာဝန်ရှိသူတွေက ဟိုင်းလပ်စ် ၁ စီး၊ ဆိုင်ကယ် ၃ စီးနဲ့   မြန်မာ ၁၁ ယောက် ထိုင်း ၂  ယောက် ပေါင်း ၁၃ ယောက်တို့ကို ဖမ်းဆီးထိန်းသိမ်းထားပြီး တဖွဲ့တည်း ဟုတ်၊ မဟုတ် ဆက်လက် စစ်ဆေးနေတယ်လို့   Banmuang ထိုင်းသတင်းမှာ ဖော်ပြပါတယ်။ 

ဒီမတိုင်ခင် မေ ၂ ရက်ကလည်း ထိုင်းအလယ်ပိုင်း အယုဒ္ဓယမြို့၊ ဘန့်ကောဝ်အုပ်စုရှိ အဝေးပြေးလမ်းမပေါ်မှာ တရားမဝင် မြန်မာ ၉  ယောက် ဖမ်းဆီးခံခဲ့ရပါသေးတယ်။ 

ယာဉ်မောင်း အသက် ၃၃ နှစ်ရွယ်ရှိ ဦးတင်အောင်ဟာ သူငယ်ချင်းအဆက်အသွယ်နဲ့  အဲဒီလူတွေကို ဘန်ကောက်ကို ပို့ပေးဖို့ ဆင်းပူးရီးနဲ့ နခွမ်းဆဝမ်ကနေ တယောက်ကို ဘတ် ၂,၀၀၀ နှုန်းနဲ့ တင်ဆောင်လာတာလို့ ဝန်ခံပါတယ်။ 

ကားပေါ်ပါသူတွေကတော့ သူတို့ဟာ မဲဆောက်ဘက်ကလာပြီး ဘန်ကောက်သွားဖို့ ပွဲစားကို တယောက်လျှင် ဘတ်  ၈,၀၀၀ ပေးခဲ့ရကြောင်း ထွက်ဆိုထားပါတယ်။ 

Source:  Banmuang / Khao Ayutthaya   

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013