DVB Logo
Home
မြန်မာသတင်း
ငလျင်ဘေးကူညီရန်လာသည့် တရုတ်နိုင်ငံ ကြက်ခြေနီအသင်းယာဉ်တန်း ပစ်ခတ်ခံရ
DVB
·
April 2, 2025
ငလျင်ဘေးကူညီရန်လာသည့် တရုတ်နိုင်ငံ ကြက်ခြေနီအသင်းယာဉ်တန်း ပစ်ခတ်ခံရ
Donate to DVB

ငလျင်ဘေးသင့် မြန်မာပြည်သူတွေအတွက် ထောက်ပံ့ရေးပစ္စည်းတွေ သယ်ဆောင်လာတဲ့ တရုတ်နိုင်ငံကြက်ခြေနီအသင်းက ယာဉ်တန်း ၉ စီးကို စစ်ကောင်စီတပ်က စက်လက်တွေနဲ့ ပစ်ခတ်ခဲ့လို့ နောက်ကြောင်းပြန် ဆုတ်ခဲ့ရတယ်လို့  TNLA တပ်ဖွဲ့က ဧပြီ ၁ ရက် ညပိုင်းက ထုတ်ပြန်ပါတယ်။

ငလျင်ဒဏ်သင့် ပြည်သူတွေအတွက် ထောက်ပံ့ရေးပစ္စည်းတွေ သယ်ဆောင်လာပြီး တရုတ်နယ်စပ် ရွှေလီမြို့ကနေတဆင့်  မန္တလေးမြို့ကို ထွက်ခွာလာတဲ့ တရုတ်နိုင်ငံ ကြက်ခြေနီအသင်း ယာဉ်တန်းတွေကို ဧပြီ ၁ ရက် ည ၉ နာရီကျော်က နောင်ချို့မြို့နယ် အုမ္မတီးကျေးရွာနားမှာ စစ်ကောင်စီတပ်က အသင့်စောင့်ပြီး ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ TNLA ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အခုလို သွားရောက်ကူညီဖို့ စစ်ကောင်စီကို သတင်းပို့ထားခဲ့ပြီး ဖြစ်ပေမဲ့ လမ်းမှာ အခုလို ပစ်ခတ်ခတ်ခံရတာကြောင့် ယာဉ်တန်းတွေအားလုံး နောင်ချိုမြို့ဘက်ကို ပြန်လည် ဆုတ်ခွာလာခဲ့ရတယ်လို့ ဆိုပါတယ်။  

အဆိုပါ ယာဉ်တန်းတွေကို တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) က ကာကွယ်စောင့်ရှောက်ပေးထားပြီး လိုရာခရီးဆက်လက် ပို့ဆောင်ပေးသွားမယ်လို့လည်း TNLA ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။  

TNLA ရဲ့ ထုတ်ပြန်ချက်နဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က ဧပြီ ၂ ရက် မနက်အစောပိုင်းထိ ရှင်းလင်းပြောကြားထားတာမရှိသေးသလို အဆိုပါ ယာဉ်တန်း ပစ်ခတ်ခံရမှုနဲ့ပတ်သက်ပြီး ဘယ်လက်နက်ကိုင် အဖွဲ့စည်းက ပစ်ခတ်ခဲ့တယ်ဆိုတာကို DVB အနေနဲ့ ဆက်လက် အတည်ပြုနေဆဲဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013