ရမည်းသင်း ပြိုကျရှေးဟောင်းတိုက်ကျောင်းမှ ကလေးငယ် ၁ ဦးကို ကယ်ထုတ်နိုင်ခဲ့ (ရုပ်သံ)
DVB
·
April 1, 2025

မတ် ၂၈ ရက် မွန်းလွဲပိုင်းက လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် ရမည်းသင်းမြို့နယ် ရွာတန်းတိုက်နယ် ရှေးဟောင်းတိုက်ကျောင်း ပြိုကျခဲ့တာကြောင့် ယဉ်ကျေးလိမ္မာ သင်တန်းသူ/သား ကလေးငယ် ၁၃ ယောက် သေဆုံးခဲ့ပြီး သင်တန်းသူ မပန်းအိချွန်ကို အသက်ရှင်လျက် ကယ်ထုတ်နိုင်ခဲ့တယ်လို့ အရှင်အာစိဏ္ဏရဲ့ ဖေ့စ်ဘွတ်ခ်မှာ ရေးသားဖော်ပြထားပါတယ်။
ငလျင်လှုပ်ခတ်မှုအတွင်း အယောက် ၂၀ ကျော်ကတော့ ထွက်ပြေးတိမ်းရှောင်ခဲ့တာကြောင့် လွတ်မြောက်ခဲ့တယ်လို့ ဆိုပါတယ်။
Video: အရှင်အာစိဏ္ဏ Facebook