
မြန်မာနိုင်ငံက အာဆီယံဥက္ကဋ္ဌသက်တမ်း တာဝန်ယူစဉ်ကာလအတွင်း အမေရိကန် ပြည်ထောင်စု သမ္မတ ဘားရက်အိုဘားမား အပါအ၀င် နိုင်ငံတကာက ထိပ်တန်းခေါင်းဆောင် တွေ တက်ရောက်မယ့် အာဆီယံထိပ်သီးအစည်းအဝေးတွေကို နေပြည်တော်မှာ နောက်ဆုံး အကြိမ် လက်ခံကျင်းပတော့မှာ ဖြစ်ပါတယ်။
ဒီအစည်းအဝေးမှာ ဘာတွေ ဆွေးနွေးဖို့ရှိနေပါသလဲ။ ဒေသတွင်း နိုင်ငံတွေအပေါ် ဒီအစည်းအဝေးက ဘယ်လို အကျိုးသက်ရောက်မှု ရှိလာနိုင်သလဲ။
လုံခြုံရေးကိစ္စတွေကို ဘယ်လိုဆောင်ရွက်နေပါသလဲ။ ဒီအခြေအနေနဲ့ ပတ်သက်ပြီး ပြန်ကြားရေး ၀န်ကြီး ဦးရဲထွဋ်ကို ဒီဗွီဘီဝိုင်းတော်သား ကိုထွေးက ဆက်သွယ်မေးမြန်းထားပါတယ်။










