DVB Logo
Home
မြန်မာသတင်း
မြောက်ဦးမြို့ကို စစ်ကောင်စီဗုံးကြဲ၊ ပြည်သူ ၁ ဦး သေဆုံး၊ ၇ ဦးဒဏ်ရာရ
DVB
·
April 1, 2025
မြောက်ဦးမြို့ကို စစ်ကောင်စီဗုံးကြဲ၊ ပြည်သူ ၁ ဦး သေဆုံး၊ ၇ ဦးဒဏ်ရာရ
Donate to DVB

မြန်မာနိုင်ငံတဝန်း ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးတွေ များနေချိန် စစ်ကောင်စီက အရပ်သားပြည်သူတွေကို ပစ်မှတ်ထားပြီး ရခိုင်ပြည်၊ မြောက်ဦးမြို့မှာ မတ် ၃၁ ရက် ညအချိန်က ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားတယောက်သေဆုံးပြီး ၇ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မြေပြင်သတင်းရင်းမြစ်က ပြောပါတယ်။

မတ် ၃၁ ရက်နေ့ ည ၈ နာရီကျော်အချိန်မှာ စစ်ကောင်စီက ဂျက်ဖိုက်တာတစီးနဲ့ Cluster ဗုံး (ပဒေသာဗုံး) ကြဲချခဲ့ပြီး မြောက်ဦးမြို့၊ အလယ်‌ဈေးရပ်ကွက်အပါအဝင် နေရာ ၄ ခုမှာ ကျရောက်ပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။

အခုလို ဗုံးကျရောက်ပေါက်ကွဲခဲ့တာကြောင့် အလယ်ဈေးရပ်ကွက်က အသက် ၆၆ နှစ်အရွယ် ဦးအောင်ကျော်ဇံဟာ နေရာမှာတင် သေဆုံးသွားခဲ့ပြီး အရပ်သားပြည်သူ ၇ ယောက်လောက် ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ မြေပြင်သတင်းရင်းမြစ်က ပြောပါတယ်။

“တယောက်သေပါတယ်၊ အရပ်သားပါ၊ အလယ်ဈေးရပ်ကွက်က အောင်ကျော်ဇံဆိုသူပါ။ နေအိမ်ရှေ့လမ်းလျှောက်နေတာက ခေါင်းကိုထိပြီးဆုံးသွားတာပါ။ ကျန်တဲ့လူတွေကတော့ ဒဏ်ရာရပါတယ်၊ ၇ ယောက်လောက်ရတယ်လို့ ကြားပါတယ်။ လောလောဆယ်မှာ ဒဏ်ရာရရှိသူတွေကတော့ ဆေးကုသမှုခံယူနေဆဲပါ၊ အသေးစိတ်ကိုတော့ ကျနော်စုံစမ်းနေဆဲပါ” လို့ ပြောပါတယ်။

ငလျင်ဘေးဒဏ်ကြောင့် ပြည်သူတွေ ထိခိုက်သေဆုံးမှုတွေ ဆက်တိုက်တိုးလာနေတဲ့အချိန်မှာလည်း စစ်ကောင်စီကတော့ အရပ်သားပြည်သူတွေကို ပစ်မှတ်ထားပြီး ဗုံးကြဲချတာတွေ ဆက်တိုက်ပြုလုပ်နေဆဲပါ။

မတ် ၂၈ ရက် မွန်းလွဲပိုင်းမှာ စစ်ကိုင်းမြို့အနီးကို ဗဟိုပြုပြီး အင်အား ရစ်ချ်တာစကေး ၇ ဒသမ ၇ ရှိ အင်အားပြင်းငလျင် လှုပ်ခတ်ခဲ့တာကြောင့် မန္တလေးတိုင်း ၊ စစ်ကိုင်းတိုင်း ၊ ရှမ်းပြည်နယ် တောင်ပိုင်း၊ မကွေးတိုင်း နဲ့ ပဲခူးတိုင်းအတွင်းရှိ မြို့ရွာတွေမှာ လူ့အသက်ပေါင်းစွာသေဆုံးတာ၊ ထိခိုက်တာ၊ ပျောက်ဆုံးနေတာတွေအပြင် လမ်းတံတားတွေနဲ့ လူနေအိမ်ပေါင်း မြောက်မြားစွာလည်း ပျက်စီးဆုံးရှုံးခဲ့ရပါတယ်။

ကေခိုင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013