DVB Logo
Home
မြန်မာသတင်း
လယ်သိမ်းခံခဲ့ရသည့် လယ်သမား ၁၇ ဦး ထောင်ဒဏ်ငွေဒဏ် စီရင်ချက်ချခံရ
DVB
·
November 4, 2014
လယ်သိမ်းခံခဲ့ရသည့် လယ်သမား ၁၇ ဦး ထောင်ဒဏ်ငွေဒဏ် စီရင်ချက်ချခံရ
Donate to DVB

ဧရာဝတီတိုင်း လပွတ္တာမြို့နယ်တရားရုံးက ဘိုးပြည့်ကျေးရွာက လယ်သား ၁၇ ဦးကို ဒီကနေ့ နိုဝင်ဘာလ ၄ ရက်နေ့က ထောင်ဒဏ် ငွေဒဏ်အသီးသီး စီရင်လိုက်ပါတယ်။

တရားစီရင်ခံရတဲ့ လယ်သမားတွေတွေဟာ သူတို့ပိုင်လယ်မြေကို ငွေကြေးအခက်အခဲကြောင့် ပေါင်နှံရာမှာ အပေါင်ခံသူက အပိုင်ယူငင်ပြီး သူတို့အပေါ် တရားစွဲဆိုမှုဖြစ်ပါတယ်။

[caption id="attachment_69796" align="alignright" width="352"]ဓာတ်ပုံ - ဇော်ရမ်း ဓာတ်ပုံ - ဇော်ရမ်း[/caption]

လယ်သမား ၆ ဦးကို ပုဒ်မ ၄၄၇ လယ်ယာမြေ ကျူးကျော်မှုနဲ့ ထောင်ဒဏ် ၂ လနဲ့ ငွေဒဏ် ၁၀၀၀ ချမှတ်သလို ကျန်သူတွေကို ငွေဒဏ် ၁၀၀၀ စီ ချမှတ်လိုက်တာလို့ တောင်သူလယ် သမားအကျိုးဆောင်ကွန်ရက်က ဦးဥာဏ်ထွန်းက ပြောပါတယ်။

“ တယောက်ကို ၃ မှုစီ စွဲတာကို  ၆ ယောက်ကျတော့ ၂ လနဲ့ ငွေဒဏ် ၁၀၀၀ ကျပ်။  တမှုက ၂ လကျတယ်။ ကျန်တဲ့နှစ်မှုက ၅၀၀ စီဆိုတော့ ၂ လနဲ့ ငွေဒဏ် ၁ ထောင်စီက ၆ယောက်။ အမျိုးသမီး ၂ ယောက်နဲ့ အမျိုးသား ၄ ယောက်ပါတယ်။ ကျန်တဲ့ ၁၁ ယောက်ကကျတော့ ၂ မှုပါတဲ့သူကို ၁၀၀၀ စီနဲ့ သုံးမှုပါသူကို ၁၅၀၀ ချတယ်။”

တောင်ဒဏ်စီရင်ခံရသူ ၆ ဦးမှာ အသက်  ၄၅ ကနေ ၇၀ အကြား အရွယ်တွေဖြစ်ပြီး လပွတ္တာမြို့နယ် ဘိုးပြည့်ကျေးရွာက တောင်သူတွေဖြစ်ပြီး သူတို့ရဲ့ လယ်မြေ ဧက ၄၀ ကျော်ဟာ ပေါင်နှံရာကနေ သိမ်းယူခံရတာလို့ ဆိုပါတယ်။

သူတို့ဟာ မူလလက်ငုတ်လယ်ပိုင်ရှင်တွေဖြစ်ပြီး ၁၉၉၈ ခုနှစ်တုန်းက လယ်ပိုးကျလို့ စစ်တပ်ကို တာဝန်ကြေစပါးသွင်းဖို့ အခက်အခဲဖြစ်ခဲ့ပါတယ်။ ဒါကြောင့် ငွေရှင် ဦးညိုဝင်းဆီကို လယ်ပြန်ငွေပြန်စနစ်နဲ့ ငွေတွေချေးယူခဲ့ပါတယ်။

“လယ်ကတော့ အပေါင်ခံတဲ့သူက လုပ်တယ်။ လယ်ခမရှိဘူး။ ၂ နှစ်ကြာရင်သူ့ဆီက ယူထားတဲ့ ငွေပြန်ပေးရင် အပေါင်ခံတဲ့သူက လယ်ပြန်ပေးရမယ်။”

ဒါပေမယ့် လယ်ပေါင်ခံတဲ့သူက ကာယံကံရှင် မသိဘဲ အာဏာပိုင်တွေနဲ့ ပေါင်းပြီး လယ်နာမည် တွေပြောင်းခဲ့ကြတာကြောင့် ၂ နှစ်ကြာလို့ လယ်ပြန်ရွေးတဲ့အခါ  ပြဿ     နာ စတင်ခဲ့တာဖြစ်ပါတယ်။

လယ်သမားတွေက  လယ်ပြန်ရရေးကို အရင်စစ်အစိုးရလက်ထက်မှာ မပြောဆိုရဲပေမယ့်  သမ္မတ ဦးသိန်းစိန်တက်လာပြီးနောက် လယ်ယာနဲ့ ဆည်မြောင်းဝန်ကြီးဌာနတွေဆီ တင်ပြ တောင်းဆိုခဲ့ကြကြောင်းနဲ့ တာဝန်ရှိသူတွေက တစုံတရာ လုပ်ဆောင်ပေးမှု မရှိတဲ့အတွက် မူလ လက်ငုတ်ပိုင်ရှင်တွေက အဲဒီလယ်မြေတွေမှာ ၀င်ရောက်ထွန်ယက်စိုက်ပျိုးခဲ့ကြတဲ့အတွက် တရားစွဲဆိုမှု ဖြစ်ပွားခဲ့တာလို့လည်း ဦးဥာဏ်ထွန်းက ရှင်းပြပါတယ်။

“လယ်/ဆည်အဆင့်ဆင့်နဲ့  မြေစရင်းတွေက အလုပ်မလုပ်ဘူး။ သူတို့က ပိုက်ဆံရတဲ့ အလုပ်ပဲလုပ်တယ်။ သမာသမတ်ကျအောင် အလုပ်မလုပ်တဲ့အခါကျတော့ ဒီမှာ လယ်သမားတွေ အချင်းချင်း ပြဿ      နာဖြစ်ပြီး သူတို့ငွေ ရတဲ့သူကိုပဲ အနိုင်ပေးတာ။”

နိုင်ငံတ၀ှမ်းက သိမ်းဆည်းရတဲ့ လယ်မြေတွေ ပြန်ရရေး လယ်သမားတွေဟာ တောင်းဆိုမှုတွေ အမျိုးမျိုးလုပ်ဆောင်နေတာဟာ အစိုးရနဲ့ ဌာနဆိုင်ရာတွေက ဥပဒေနဲ့အညီ မလုပ်ဆောင်တဲ့ အတွက် အလားတူပြဿ   နာတွေ ဖြစ်နေရာတာလို့ လယ်သမားရေး ဆောင်ရွက်တဲ့ ရှေ့နေတွေက ပြောဆိုကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013