DVB Logo
Home
နိုင်ငံတကာ
ထိုင်း ၄၇ ခရိုင်တွင် မိုးသက်လေပြင်း သတိပေးချက်ထုတ်ပြန် 
DVB
·
March 31, 2025
ထိုင်း ၄၇ ခရိုင်တွင် မိုးသက်လေပြင်း သတိပေးချက်ထုတ်ပြန် 
Donate to DVB

ထိုင်းနိုင်ငံ ၄၇ ခရိုင်ထဲမှာ ခုရက်ပိုင်းအတွင်း အပူပိုင်းမုန်တိုင်းဝင်ပြီး မိုးသက်လေပြင်း ကျ‌ရောက်မယ်လို့ ထိုင်းမိုးဇလက  မတ်  ၃၁ ရက် မနက်မှာ ထုတ်ပြန်ပါတယ်။ 

လတ်တလော တရုတ်နဲ့ တောင်တရုတ်ပင်လယ်ပြင်မှာ လေဖိအားနည်းရပ်ဝန်းဖြစ်ပေါ်နေပြီး တောင်ဘက်အရပ်နဲ့ ထိုင်းပင်လယ်အော်သို့ ရွေ့လျားလာမှာ ဖြစ်တယ်။ 

ထိုင်းအထက်ပိုင်း (မြောက်ပိုင်း) ဒေသက ပူပြင်းတဲ့ရာသီဥတုနဲ့ ထိတွေ့စဉ် အပူပိုင်းမုန်တိုင်းတွေ ဖြစ်ပေါ်မယ်၊ ဒီလိုအခြေမျိုးမှာ မတ် ၃၁ ရက်မှ ဧပြီ ၃ ရက်အတွင်း မိုးသည်းထန်၊ လေပြင်းတိုက်၊ မိုးကြိုးပစ်၊ လျှပ်စီးလက်၊ မိုးသီးကြွေတာတွေ ဖြစ်တတ်တာကြောင့် ပြည်သူတွေအနေနဲ့  ဟင်းလင်းပြင်နေရာ၊ သစ်ပင်ကြီးတွေ၊ ခိုင်ခံ့မှုမရှိတဲ့ ဆိုင်းဘုတ်တိုင်တွေ၊ အဆောက်အဦတွေ အောက်မှာ မနေဖို့၊ တောင်သူလယ်သမားတွေအနေနဲ့လည်း စိုက်ပျိုးသီးနှံပျက်စီးခြင်းမှ ကြိုတင်ကာကွယ်ဖို့  ထိုင်းမိုးလေဝသဌာနက သတိပေးပါတယ်။

မတ် ၃၁ ရက်အတွင်း သတိထားရမယ့် ခရိုင်တွေမှာကတော့ ထိုင်းမြောက်ပိုင်း - မယ်ဟောင်ဆောင်၊ ချင်းမိုင်၊ လမ်းပွန်း၊ လမ်းပန်း၊ တာ့ခ်နဲ့ ကမ်ဖိုင်ဖစ်ခရိုင်၊ ထိုင်းအလယ်ပိုင်း - ဥထိုင်းဌာနီ၊ ဆုဖန်းပူရီ၊ အယုဒ္ဓယ၊ ကန်ကျနပူရီ၊ ရာ့ချ်ပူရီ၊ နခွန်းပထုန်၊ စမွတ်စခွန်း၊ စမွတ်ဆုန်ခလမ်း၊ ဘန်ကောက်ခရိုင်နှင့်တကွ အနီးတဝိုက်ဧရိယာ၊ ထိုင်းတောင်ပိုင်း - ဖစ်ချ်ပူရီ ၊ ပရကျူပ်ခီရီခန်၊ ချွန်းဖွန်းနဲ့ စူရတ်ဌာနီခရိုင်တို့ ဖြစ်ပါတယ်။

ဧပြီ ၁ ရက်နေ့ သတိထားရမယ့်ခရိုင်တွေမှာ - မြောက်ပိုင်း ချင်းမိုင်၊ လမ်းပွန်း၊ လမ်းပန်းနဲ့ တာ့ခ်ခရိုင်၊ ထိုင်းအလယ်ပိုင်း ဥထိုင်းဌာနီ၊ ကန်ကျနပူရီနဲ့ ရာ့ချ်ပူရီခရိုင်၊ တောင်ပိုင်း ဖစ်ချ်ပူရီခရိုင် တို့ဖြစ်တယ်။

ပြည်သူတွေအနေနဲ့ မိုးလေဝသတိပေးချက်တွေကို  အမြဲနားစွင့်ထားဖို့ မတ် ၃၁ ရက် မနက် ၆ နာရီမှ ဧပြီ ၁ ရက်မနက် ၆ နာရီထိ ထိုင်းမြောက်ပိုင်းဒေသရဲ့ ၃၀ ရာခိုင်နှုန်း မိုးသက်လေပြင်းကျဖွယ် ရှိတယ်။

ဘန်ကောက်နဲ့ အနီးတဝိုက်ဧရိယာမှာ ဒေသရဲ့ ၄၀ ရာခိုင်နှုန်း မိုးသက်လေပြင်းကျဖွယ်ရှိပြီး အထူးသဖြင့် ဖစ်ပူရီ၊ ပကျုပ်ခီရီခန်၊ ချွန်းဖွန်း၊ စူရတ်ဌာနီ၊ ကရပီ၊ ဆဒွန်း  စတဲ့ခရိုင်တွေဖြစ်ပြီး အပူချိန် ၂၅  မှ ၃၄ ဒီဂရီစင်တီဂရိတ်မှာရှိကာ လေတိုက်နှုန်း ၁ နာရီလျှင် ၁၀ မှ ၂၀ ကီလိုမီတာ ရှိပါမယ်လို့  ထိုင်းမိုးဇလက ထုတ်ပြန်ထားပါတယ်။ 

Source:  Khaosod / TNN Earth

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013