DVB Logo
Home
မြန်မာသတင်း
မြန်မာငလျင်ဘေးကူညီရန်  ကုလသမဂ္ဂ အေဂျင်စီများနှင့် NGO များ ဆောင်ရွက်နေ 
DVB
·
March 30, 2025
မြန်မာငလျင်ဘေးကူညီရန်  ကုလသမဂ္ဂ အေဂျင်စီများနှင့် NGO များ ဆောင်ရွက်နေ 
Donate to DVB

မြန်မာနိုင်ငံမှာ မတ် ၂၈ ရက်က ပြင်းအား ရစ်ချ်တာစကေး ၇ ဒသမ ၇ အဆင့်ရှိ အင်အားပြင်းငလျင်ကြီးလှုပ်ခတ်ပြီးနောက် ရင်ဆိုင်ကြုံတွေ့နေရတဲ့  အဆိုးရွားဆုံး အခြေအနေနဲ့ ပတ်သက်ပြီး တုံ့ပြန်ဆောက်ရွက်နေတယ်လို့ မြန်မာနိုင်ငံထဲက ကုလသမဂ္ဂ အေဂျင်စီတွေနဲ့   အစိုးရမဟုတ်တဲ့ အဖွဲ့အစည်း (NGO) တွေက ပြောပါတယ်။

ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ (UNICEF) ရဲ့ ဒေသဆိုင်ရာ စည်းရုံးရေးနဲ့ ဆက်သွယ်ရေး အကြီးအကဲ အီလိန်းလူသီက ဥရောပရှိ သူတို့ရဲ့အဖွဲ့တွေဟာ ရွက်ဖျင်တဲတွေ အပါအဝင် မြန်မာနိုင်ငံကို သယ်ဆောင်မယ့် ထောက်ပံ့ရေးပစ္စည်းတွေကို ထုပ်ပိုးထားတယ်လို့  ပြောပါတယ်။

ငလျင်ကြောင့် မြန်မာနိုင်ငံရဲ့ ဒုတိယအကြီးဆုံးမြို့ဖြစ်တဲ့ မန္တလေးမှာ ဒေသခံတွေနဲ့ ကယ်ဆယ်ရေး လုပ်သားတွေဟာ  ပြိုကျနေတဲ့ အဆောက်အဦအောက်က လူတွေကို ဆွဲထုတ်ကယ်ဆယ်နေရပြီး အပျက်အစီးတွေကို ဖယ်ရှားဖို့အတွက် အကန့်အသတ်သာရှိတဲ့ စက်ယန္တရားတွေနဲ့ ရုန်းကန်နေရပါတယ်။

Plan International Myanmar မှ ပြည်သူ့ယဉ်ကျေးမှုနှင့် စီမံခန့်ခွဲရေး ဒါရိုက်တာ ဒေါ်စုမွန်ဌေးက “လူတွေက စိတ်ပျက်လက်ပျက်နဲ့ စိတ်ဓာတ်အကြီးအကျယ် ကျနေကြပြီး လမ်းတွေ၊ တံတားတွေ၊ အဆောက်အဦတွေနဲ့ လူတွေ အထိအခိုက်အရမ်းများတယ်” လို့ ရိုက်တာကို ပြောပါတယ်။

မြေပြင်မှာ ဘာမှမရှိတဲ့ လိုအပ်ချက်တွေကို ကြည့်ပြီး တတ်နိုင်သလောက် အရင်းအမြစ်တွေ အားလုံးကို စုစည်းပြီးတော့ သက်ဆိုင်ရာမိတ်ဖက်တွေ အားလုံးနဲ့လည်း ညှိနှိုင်းဆောင်ရွက်နေပါတယ်လို့ ဆိုပါတယ်။

အမေရိကန် ဘူမိဗေဒ ဝန်ဆောင်မှုအဖွဲ့ရဲ့ ခန့်မှန်းတွက်ချက်မှုပုံစံအရ မြန်မာနိုင်ငံမှာ သေဆုံးသူ ၁၀,၀၀၀ အောက် ရှိနိုင်ကြောင်း ခန့်မှန်းထားပြီး ဆုံးရှုံးမှုဟာ နိုင်ငံရဲ့ နှစ်စဉ်စီးပွားရေးရရှိမှုထက် ကျော်လွန်သွားနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

စစ်ကိုင်းနဲ့ မန္တလေးကို ဗဟိုပြုပြီးလှုပ်ခတ်သွားခဲ့တဲ့ အင်အားပြင်းငလျင်ကြီးကြောင့်  မတ် ၂၉ ရက် ညနေအထိ မြန်မာနိုင်ငံမှာ သေဆုံးသူဦးရေဟာ ၁,၀၀၂ ယောက် ရှိတယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ထားပါတယ်။

Source : Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013