DVB Logo
Home
မြန်မာသတင်း
ငလျင်ဒဏ်သင့် မြန်မာအတွက် တရုတ်က အရေးပေါ်အကူအညီ ယွမ်သန်း ၁၀၀ ထောက်ပံ့
DVB
·
March 29, 2025
ငလျင်ဒဏ်သင့် မြန်မာအတွက် တရုတ်က အရေးပေါ်အကူအညီ ယွမ်သန်း ၁၀၀ ထောက်ပံ့
Donate to DVB

အင်အားပြင်း ငလျင်ဒဏ်သင့် မြန်မာနိုင်ငံအတွက် တရုတ်နိုင်ငံက အရေးပေါ် အကူအညီ ယွမ်သန်း ၁၀၀ ထောက်ပံ့ပေးအပ်သွားမယ်လို့ CGTN သတင်းမှာ ဒီကနေ့ ဖော်ပြပါတယ်။

ဒီအကူအညီကိုတော့ တရုတ်အစိုးက ငလျင်ဒဏ်ခံ မြန်မာနိုင်ငံအတွက် အရေးပေါ် လူသားချင်း စာနာထောက်ထားမှု အကူအညီအနေနဲ့ ပေးအပ်ဖို့ ဆုံးဖြတ်ခဲ့တာလို့ ဆိုပါတယ်။

ဒါ့အပြင် လတ်တလောမှာလည်း တရုတ်နိုင်ငံကနေ ကယ်ဆယ်ရေးအဖွဲ့နှစ်ဖွဲ့ စေလွှတ်သွားဖို့ ရှိနေပြီး ရွက်ဖျင်တဲတွေ၊ စောင်တွေ၊ အရေးပေါ် ဆေးဝါး၊ အစားအစာ၊ သောက်သုံးရေ စတာတွေ အရေးပေါ် လိုအပ်နေတဲ့အကြောင်း တရုတ်အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ ပြောရေးဆိုခွင့်ရှိသူ လီမင်က ပြောလိုက်ပါတယ်။

ကယ်ဆယ်ရေးပထမအဖွဲ့ဟာ ဒီနေ့ ရန်ကုန်မြို့ကို ရောက်ရှိလာပြီး ဖြစ်သလို တရုတ်နိုင်ငံက လိုအပ်ချက်အရ မြန်မာနိုင်ငံအတွက် အကူအညီတွေ ပိုမိုပေးအပ်သွားမယ်လို့လည်း လီက ဆိုပါတယ်။

မတ် ၂၈ ရက်နေ့လယ်ပိုင်းက မြန်မာနဲ့ ထိုင်းနိုင်ငံတွေမှာ လှုပ်ခတ်ခဲ့တဲ့ ပြင်းအား ရစ်ချ်တာ စကေး ၇ ဒသမ ၇ အဆင့်ရှိ ငလျင်ကြောင့် လူပေါင်းထောင်ချီ သေဆုံးခဲ့ရသလို ထိခိုက်ဒဏ် ရာရရှိသူတွေလည်း အများအပြား ရှိခဲ့တာပါ။

မြန်မာနိုင်ငံမှာတော့ အဆိုပါ ငလျင်ကြောင့် သေဆုံးရသူဦးရေဟာ ၁,၀၀၀ ကျော်နဲ့ လူ ၂,၀၀၀ ထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း စစ်အုပ်စုက သတင်းထုတ်ပြန်ထားပေမဲ့ ပျောက်ဆုံးနေသူတွေလည်း ရှိနေသေးတာမို့ ဒီ့ထက်ပိုပြီးတော့ သေဆုံးသူတွေ တိုးလာနိုင်ပါတယ်။

လူပေါင်း ၁ သန်းခွဲလောက်နေထိုင်တဲ့ မန္တလေးမှာလည်း သာသနိကအဆောက်အအုံတွေ၊ လမ်းတံတားတွေ ထိခိုက်ပျက်စီးခဲ့ရပြီး တချိန်တည်းမှာပဲ ထိုင်းနိုင်ငံမြို့တော် ဘန်ကောက် မှာလည်း ဆောက်လက်စ အထပ်မြင့်တိုက်တလုံးပြိုကျခဲ့တာကြောင့် အနည်းဆုံး လူ ၉ ဦး သေဆုံးခဲ့ရတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ငလျင်ကြောင့် ‌နေပြည်တော်အပါအဝင် မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်းနဲ့ ရှမ်း ပြည်နယ် တောင်ပိုင်းမှာ သေဆုံးသူ များခဲ့ပြီး လူနေအိမ်တွေ၊ လမ်းတံတား အဆောက်အအုံတွေ၊ စေတီပုထိုးနဲ့ ဘာသာရေးအဆောက်အုံတွေ အများအပြား ထိခိုက်ပျက်စီးသွားခဲ့ပါတယ်။ 

အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်း စာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက ငလျင်ဘေးဒဏ်သင့် ပြည်သူတွေအတွက် ကူညီကယ်ဆယ်ရေး၊ စားနပ်ရိက္ခာ ထောက်ပံ့ရေး၊ ပြန်လည်နေရာချထားရေးအတွက် ကြိုးစားဆောင်ရွက်နေပြီး ပြည်သူတွေအနေနဲ့ QR တွေကတဆင့် ပါဝင်လှူဒါန်းနိုင်ဖို့ နှိုးဆော်ထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013