
အင်အားပြင်းငလျင်ဒဏ်ကြောင့် မန္တလေးမြို့ အောင်မြေသာစံ လမ်း ၆၀ က Sky Villa Condo ပြိုကျမှုကြောင့် သုခဒိုင်းမွန်းစိန်တိုက်ပိုင်ရှင် ဒေါ်မိုးသီတာရွှေနဲ့ မိသားစုဝင်တွေ သေဆုံးခဲ့တယ်လို့ သုခဒိုင်းမွန်းစိန်တိုက်က မတ် ၂၉ ရက် ဒီကနေ့မှာ သတင်းထုတ်ပြန်ပါတယ်။
“သုခဒိုင်းမွန်းစိန်တိုက်၏ ပိုင်ရှင် သီရိသုဓမ္မသိင်္ဂီ ဒေါ်မိုးသီတာရွှေနှင့် သားသမီးများ မြေးလေးတို့မှာ ၂၈.၃.၂၀၂၅ တွင် သဘာဝဘေးအန္တရာယ်ကြောင့် ကွယ်လွန်အနိစ္စ ရောက်သွားပါပြီ” လို့ သုခဒိုင်းမွန်းစိန်တိုက်ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ရေးသား ထုတ်ပြန်ထားပါတယ်။
အောင်မြေသာစံ လမ်း ၆၀ က Sky Villa Condo ဟာ ၁၁ ထပ် အမြင့်ရှိပြီး မတ် ၂၈ ရက် လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် ၅ ထပ်ဝန်းကျင်လောက် မြေကြီးထဲ နစ်ဝင်သွားခဲ့ပြီး လူအများအပြား ပိတ်မိသေဆုံးခဲ့ရသူတွေထဲ သုခဒိုင်းမွန်း စိန်တိုက်ပိုင်ရှင် မိသားစုလည်း ပါဝင်သွားခဲ့တာ ဖြစ်ပါတယ်။
လက်ရှိအချိန်မှာ သုခဒိုင်းမွန်းဆိုင်ခွဲတွေ အားလုံးကိုလည်း ယာယီပိတ်ထားကြောင်း ကြေညာထားပါတယ်။