DVB Logo
Home
မြန်မာသတင်း
ခွဲခြားအရေးယူသည့် ရထားပို့ဆောင်ရေးဥပဒေ ဝေဖန်ခံနေရ
DVB
·
July 29, 2026
ထောင်ဒဏ် ၂ လ အမိန့်ချခံရသည့် အမျိုးသမီး ၄ ယောက်။  (Photo: Than Aung)
ထောင်ဒဏ် ၂ လ အမိန့်ချခံရသည့် အမျိုးသမီး ၄ ယောက်။ (Photo: Than Aung)
Donate to DVB

DEMU ရထားပေါ်က စည်းကမ်းမဲ့နေထိုင်သူ ၆၁ ယောက်ကို အာဏာရှင်စစ်တပ်က အရေးယူရာမှာ ခွဲခြားမှုတွေရှိနေတာကြောင့် ရထားပို့ဆောင်ရေးဥပဒေအပေါ် ဝေဖန်မှုတွေ မြင့်တက်နေပါတယ်။

ရထားပို့ဆောင်ရေးဥပဒပုဒ်မ ၈၈ (က) အရ အရေးယူရာမှာ ဇူလိုင်လ ၂၇ ရက်နဲ့ ၂၄ ရက်က မော်လမြိုင်နယ်တရားရုံးနဲ့ ပျဥ်းမနားမြိုနယ်တရားရုံးက မွန်ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ အတွင်းရေးမှူး ဒေါ်မြသန်း ဦးဆောင်တဲ့ ၅၄ ယောက်အဖွဲ့ကို ဒဏ်ငွေ ၁ သိန်းစီ အမိန်ချခဲ့ပြီး ကွမ်းတံတွေးထွေးတဲ့ မရှိဆင်းရဲသား အမျိုးသမီးလေးယောက်ကို ထောင်ဒဏ် ၂ လ အမိန့်ချတဲ့အပေါ် လူတွေက ဝေဖန်ပြောဆိုကြတာပါ။

မန်ဘာဝင်ပေါင်း ၁ သိန်းခွဲရှိတဲ့ မြန်မာ့မီးရထား (မ.မ) MR Group မှာ “မြန်မာ့မီးရထား (မမ) မှာ ဥပဒေ  ၂ မျိုးရှိပါတယ်။ အခြေခံလူတန်းစားများ လူနည်းစုနဲ့ ခရီးသွားရင်း ကွမ်းစားမိ၊ ထိုင်ခုံထုံးတို့မိတာမျိုး ကျူးလွန်မိလျှင် လက်ထိတ်တန်းလန်း ထောင်ဒဏ် ၂ လ၊ ငွေကြေးတတ်နိုင်သူများ လူအစုအဝေးနဲ့ လမ်းပိတ်ဆို့၊ အများသူငှာ အနှောင့်အယှက်ဖြစ်စေပြီး ခုံပေါ်တက်က၊ စည်းကမ်းထိန်းဝန်ထမ်းကို လှောင်ပြောင် ဂရုမစိုက်တာမျိုး ကျူးလွန်လျှင် တရားရုံးလာစရာမလို ဒဏ်ငွေ ၁ သိန်း” ဆိုပြီး ခရီးသွားလာသူတယောက်က ဝေဖန်ထားပါတယ်။

ခရီးသွားပြည်သူ နောက်တယောက်ကလည်း “ပုဒ်မတပ်တာချင်းတူတယ်။ အပြုအမူအားဖြင့်ဆိုရင် ၅၄ ယောက်အဖွဲ့က ပိုလွန်တယ်။ ဒါပေမဲ့ ဟို ၄ ယောက်ခမျာ ထောင် ၂ လစီ ကျတယ်။ ဒီ ၅၄ ယောက်ကျ ဒဏ်ငွေ ၁ သိန်းစီနဲ့ ပြီးသွားတယ်။ ဥပဒေဆိုတာက ပုဒ်မတူသော်လည်း ပြစ်ဒဏ်မတူတာ ဘာကြောင့်လဲ။ ဥပဒေအထက်မှာ ဘယ်သူ ရှိသလဲ” လို့ မေးခွန်းထုတ်ပါတယ်။

မော်လမြိုင်မြို့ခံ Non CDM ဝန်ထမ်းတယောက်က “ထောင်ချလို့မရဘူးလေ၊ ထောင်ချလိုက်ရင် မြို့နယ်တရားရုံးသူကြီး ဒုက္ခရောက်သွားမှာပေါ့။ ဒေါ်မြသန်းရဲ့အနောက်မှာ ဝန်ကြီးချုပ် မိန်းမနဲ့ ပြည်နယ်အုပ်ချုပ်ရေးမှူး မိန်းမရှိတယ်၊ ပြည်နယ်ဥပဒေချုပ်ကလည်း သူ့သူငယ်ချင်း” လို့ ပြောပါတယ်။

ရထားပို့ဆောင်ရေးဥပဒေပုဒ်မ ပုဒ်မ ၈၃ အရ ရထားပေါ်မှာ အရေးပေါ်ကိရိယာကို အကြောင်းမဲ့ဆွဲတာ၊ ဆက်သွယ်ရေးစနစ်ကို ဖျက်ဆီးတာ၊ ရထားရပ်ချိန်နဲ့ ထွက်ချိန်မှာ အတက်အဆင်းလုပ်တာ၊ တွဲကြားမှာ လိုက်စီးတာ၊ ရထားဝန်ထမ်းက ညွှန်ကြားတာကို ငြင်းဆန်ပြီး တာဝန်ဝတ္တရားနှောင့်ယှက်တာ၊ သံလမ်းတံခါးတွေကို တာဝန်မရှိဘဲ အဖွင့်အပိတ်လုပ်တာ၊ အ များသူငှါ စိတ်အနှောင့်အယှက်ဖြစ်အောင် နေထိုင်ပြုမူပြောဆိုတာ နဲ့ ရထားပေါ်မှာ ဆေးလိပ်သောက်တာတို့ကို တားမြစ်ထားပါတယ်။

အဲ့ဒီတားမြစ်ချက်တွေကို ဖောက်ဖျက်ခဲ့မယ်ဆိုရင် ရထားပို့ဆောင်ရေးဥပဒေပုဒ်မ ၈၈ (က) အရ သုံးလထက်မပိုတဲ့ ထောင်ဒဏ်ဖြစ်စေ၊ အနည်းဆုံး ကျပ် ၁ သောင်းမှ အများဆုံး ကျပ် ၁ သိန်းအထိဖြစ်စေ ငွေဒဏ်၊ ထောင်ဒဏ် ၂ ရပ်လုံးဖြစ်စေ ကျခံရမှာဖြစ်ပါတယ်။

ရထားပေါ်မှာ စည်းကမ်းမဲ့နေထိုင်သူ ၆၁ ယောက်အနက် ဇူလိုင် ၂၆ ရက်က ရန်ကုန်-မန္တလေး အမှတ် ၃ အဆန်ရထားပေါ်မှာ အရက်သောက်လို့ ရမည်းသင်းမြို့နယ်ရဲစခန်းက ပုဒ်မ ၈၈ (က) အမှုဖွင့်ထားတဲ့ ဦးကံကောင်း၊ ဦးဇော်လင်း၊ ဦးဉာဏ်ပိုတို့ကို အမိန့်မချသေးပါဘူး။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013