DVB Logo
Home
မြန်မာသတင်း
အမှုရင်ဆိုင်နေချိန် စပါးဝင်ရိတ်သည့် လယ်သမားမိသားစု ထောင်ကျ
DVB
·
November 3, 2014
အမှုရင်ဆိုင်နေချိန် စပါးဝင်ရိတ်သည့် လယ်သမားမိသားစု ထောင်ကျ
Donate to DVB

ဧရာဝတီတိုင်း မော်ကျွန်းမြို့နယ် ကျွန်းကြီးကျေးရွာမှာ မိမိလယ်က စပါးကို ၀င်ရိတ်သိမ်းကြတဲ့  အသက် ၇၀ ကျော် အဖိုးအဘွားအပါဝင် မိသားစု ၅ ဦးဟာ ခိုးမှုနဲ့ တရားရင်ဆိုင်ရပြီး တရားရုံးက အလုပ်ကြမ်းနဲ့  ထောင်ဒဏ် ၆ လ ချမှတ်ခဲ့ပါတယ်။

farmer 2 (yewint thu)ကျွန်းကြီးကျေးရွာနေ အသက် ၇၀ ကျော်အရွယ်  ဦးဘကောက်၊ ဒေါ်ရီတို့နဲ့ သူ့ရဲ့ သားသမီးတွေကို မော်ကျွန်းမြို့နယ်တရားရုံးက ပိုင်နက်ကျူးကျာ်မှုနဲ့ အကျိုးပျက်စီးမှုပုဒ်မတွေနဲ့ တရားစွဲဆိုခဲ့ပါတယ်။ သူတို့တတွေဟာ အဲဒီလယ်ကို ပေါင်နှံထားလို့ ဖြစ်နေတဲ့အမှုကို   အမှုရင်ဆိုင်နေချိန်မှာ သူတို့လယ်က စပါးကို ၀င်ရိတ်ကြတဲ့အတွက် ခိုးမှုနဲ့ တရားထပ်စွဲရပြီး အောက်တို ဘာလ ၂၈ ရက်နေ့က သူတို့ကို အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၆ လ ချမှတ်လိုက်တာဖြစ်ပါတယ်။

ထောင်ဒဏ်ချမှတ်ခံရသူတွေကတော့ အသက် ၇၀ အရွယ် ဘိုးဦးဘကောက် အဖွားဒေါ်ရီ၊ ဦးဗန်ကူး၊ ဒေါ်လှလှနိုင်နဲ့ မြေးမလေး မကျော်ခိုင်တို့ဖြစ်ပါတယ်။

မော်ကျွန်းရဲစခန်းက တာဝန်ကျရဲအရာရှိဦးက “ကျနော်တို့ သတင်းကြားတာကတော့ လယ်ယာမြေအမှုမှာ ၄၄၇/၄၂၇ ဆိုတာကတော့ ကျူးကျော်မှုတွေ ဖြစ်တာပေါ့နော်။ ကျူးကျော်မှုတွေ ဖြစ်ပြီးတဲ့နောက် စပါးတွေကို သူတို့က ထပ်ပြီးတော့ ရိတ်တယ်ပေါ့။  အမှုတွေ ဖြစ်နေတဲ့ ကာလအတွင်းမှာ စပါးတွေ ထပ်ရိတ်တော့ သူများရဲ့စပါးကို ယူဆောင်မှု၊ ခိုးမှုနဲ့ ထောင်ချလိုက်တာပါ။”

စီရင်ချက်ချပြီးနောက် သူတို့မိသားစုကို  မြောင်းမြထောင်ဆီ ပို့လိုက်ပြီးလို့လည်း မော်ကျွန်းရဲစခန်းက ပြောပါတယ်။

သူတို့ရဲ့ အမှုဖြစ်ပွားပုံကတော့ ပြီးခဲ့တဲ့ ၃ နှစ်လောက်က သူတို့မိသားစု ငွေကြေး အခက်အခဲကြောင့် တရွားတည်းနေ ဦးငြိမ်းအေ ဆီကနေ လယ်ပြန်ငွေပြန်နဲ့ ငွေချေးယူခဲ့ပါတယ်။ ၂၀၁၃ ခုနှစ်မှာ နှစ်ဖက် လယ်ယာမြေပြသနာဖြစ်ပွားခဲ့ပြီး ဦးအေးငြိမ်းကနေ တရားလိုလုပ်ပြီး တိုင်တန်းခဲ့တာဖြစ်ပါတယ်။

ဒီမိသားစုဟာ  ပိုင်နက်ကျူုးကျော်မှုနဲ့ အကျိုးပျက်စီးမှု ပုဒ်မတွေနဲ့ တရားဆက်လက်ရင်ဆိုင် ကြရဦးမှာဖြစ်ပါတယ်။

မိသားစုဝင်တွေ ထောင်ချမှတ်ခံရတဲ့အတွက် အသက် ၈ နှစ်နဲ့  ၁၀ နှစ်အရွယ် ကလေးတွေကိုတော့ တောင်သူလယ်သမားအရေး ကူညီပေးသူတွေက စောင့်လျောက်ထား တယ်လို့ လည်း သိရပါတယ်။

ဒီအမှုအခင်းနဲ့ပတ်သက်လို့ ကာယကံရှင်တွေရဲ့ ဆွေမျိုးတွေနဲ့ ရှေ့နေတွေကို မေးမြန်းနိုင်ဖို့ ကြိုးစားနေဆဲဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013