
မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်မှာ မတ် ၂၆ ရက် နေ့လယ်ပိုင်း စစ်ကောင်စီစစ်ကြောင်းက ပြည်သူ ၄ ယောက်ကို ဖမ်းဆီးသွားကာ ဆန်တွေနဲ့ ကားတစီးကိုပါ သိမ်းဆည်းသွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ဂန့်ဂေါမြို့နယ် ပျားရွာကို မတ် ၂၆ ရက် မွန်းတည့် ၁၂ နာရီလောက်မှာ ဂန့်ဂေါအခြေစိုက် စစ်ကောင်စီရဲ့ ခလရ ၅၀ တပ်ရင်းက စစ်ကောင်စီတပ်သားအင်အား ၅၀ လောက်နဲ့ စစ်ကြောင်းထိုးဝင်ရောက်ပြီးမွှေနှောက်ခဲ့ကြတာလို့ ဂန့်ဂေါမြို့နယ် ဒေသခံတယောက်က ကိုပြောပါတယ်။
အဲဒီစစ်ကြောင်းဟာ ပျားရွာက အမျိုးသားတယောက်နဲ့ အမျိုးသမီး ၃ ယောက်ကို ဖမ်းဆီးကာ ဆန်အရောင်းဝယ်ပြုလုပ်နေတဲ့ ဖမ်းဆီးခံအမျိုးသမီးတယောက်ရဲ့ ဆန်တွေကိုလည်း ကား ၂ စီးနဲ့ အတင်းအဓမ္မသိမ်းဆည်းသွား ပြည်သူတွေပိုင်ဆိုင်တဲ့ကားတစီးကိုလည်း သိမ်းယူသွားကြတယ်လို့ ဆိုပါတယ်။
ဖမ်းဆီးခံရတဲ့ ပြည်သူ ၄ ယောက်ကိုတော့ ခလရ ၅၀ တပ်ရင်းထဲကို ခေါ်သွားပြီး စစ်ကြောရေးပြုလုပ်နေပါတယ်။
ဂန့်ဂေါမြို့နယ် အောင်မြင် (ရှောက်ပင်) ရွာမှာလည်း မတ် ၁၈ ရက် ညပိုင်းမှာ စစ်ကောင်စီ စစ်ကြောင်းက အမျိုးသားတယောက်ကို ဖမ်းဆီးသတ်ဖြတ်ခဲ့ကြတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။