DVB Logo
Home
နိုင်ငံတကာ
ပြင်သစ်ပြတိုက်မှ ခိုးယူခံရသည့် ယူရို ၆ သိန်းတန် ရှေးဟောင်းရွှေဒင်္ဂါးပြားများ ရုရှား၌ တွေ့ရှိ
DVB
·
March 28, 2025
ပြင်သစ်ပြတိုက်မှ ခိုးယူခံရသည့် ယူရို ၆ သိန်းတန် ရှေးဟောင်းရွှေဒင်္ဂါးပြားများ ရုရှား၌ တွေ့ရှိ
Donate to DVB

ရုရှားရဲတပ်ဖွဲ့နဲ့ ရုရှားဖက်ဒရယ်လုံခြုံရေးဌာန (FSB) တို့ဟာ မော်စကိုမြို့ရှိ ရှေးဟောင်းဈေး တခုမှာ ရှေးဟောင်းရွှေဒင်္ဂါးပြားတွေကို တွေ့ရှိခဲ့ကြောင်း ရုရှားပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

ရုရှားနိုင်ငံတော်သမိုင်းပြတိုက်မှ သမိုင်းဆိုင်ရာ အထူးကျွမ်းကျင်မှုနဲ့ အင်တာပိုလ်နဲ့ ညှိနှိုင်းမှုတွေ လုပ်ဆောင်အပြီးမှာ ဒီဒင်္ဂါး ၇၉ ပြားဟာ ပြင်သစ်နိုင်ငံတောင်ပိုင်းရှိ အဟန့်စ်မြို့မှ ဆန့်ဟဲမီ ကွန်မြူနတီရှိ ရှေးဟောင်းသုတေသနနဲ့ အနုပညာပြတိုက်မှ မကြာသေးမီက ခိုးယူခံခဲ့ရကြောင်း အတည်ပြုခဲ့ပါတယ်။

ရုရှား ပြည်ထဲရေးဝန်ကြီးဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူ အမျိုးသမီး အီရီးနား ဗို့လ်ခ်က “နိုင်ငံခြားလုပ်ဖော်ကိုင်ဖက်တွေက အေဒီ ၁ ရာစုကနေ ၅ ရာစုအထိ တူးဖော်ခဲ့တဲ့ ရှားပါး ရှေးဟောင်းဒင်္ဂါးတွေ အပါအဝင် ရွှေဒင်္ဂါးတွေ ခိုးယူခံရတာကို အတည်ပြုခဲ့ပါတယ်” လို့ ထုတ်ပြန်ကြေညာချက်ထဲမှာ ပြောထားပါတယ်။

အခိုးခံရမှုမှာ တာဝန်ရှိတဲ့ ပြတိုက်စောင့်ကို ပြစ်ဒဏ်ချမှတ်ခဲ့ပေမဲ့ ခိုးယူထားတဲ့ ပစ္စည်းတွေကို အခုချိန်အထိ ပြန်မရနိုင်သေးဘူးလို့လည်း ဆိုပါတယ်။

တွေ့ရှိထားတဲ့ ရှေးဟောင်းရွှေဒင်္ဂါးပြားတွေရဲ့ ခန့်မှန်းတန်ဖိုးမှာ ရူဘယ် ၅၅ သန်း (ယူရို ၆၀၇,၂၀၀) ဖြစ်ကြောင်း ရုရှားရဲတပ်ဖွဲ့က ပြောကြားခဲ့ပါတယ်။

အခုခါ ရုရှားအာဏာပိုင်တွေဟာ ဒီဒင်္ဂါးတွေကို ဆန့်ဟဲမီပြတိုက်မှာ အမြဲတမ်းပြသနိုင်ဖို့ ပြင်သစ် လုပ်ဖော်ကိုင်ဖက်တွေနဲ့ အဆက်အသွယ်လုပ်ထားတယ်လို့လည်း ဆိုပါတယ်။

Source : Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013