DVB Logo
Home
မြန်မာသတင်း
DVB Peacock Film Festival ရုပ်သံမှတ်တမ်းပြပွဲ ဘန်ကောက်တွင် ကျင်းပ
DVB
·
March 28, 2025
DVB Peacock Film Festival ရုပ်သံမှတ်တမ်းပြပွဲ ဘန်ကောက်တွင် ကျင်းပ
1 / 10
Donate to DVB

DVB Peacock Film Festival မှတ်တမ်းရုပ်ရှင်ပွဲတော်ကို မတ် ၂၇ ရက်ညပိုင်းက ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ  နိုင်ငံခြားသတင်းထောက်များကလပ် (FCCT) မှာကျင်းပပါတယ်။

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုနောက်ပိုင်း ပြည်သူတွေ ရင်ဆိုင်ကြုံတွေ့နေရတဲ့ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုတွေကို ရိုက်ကူးထားတဲ့  မှတ်တမ်းရုပ်ရှင်ကား ၂၀ ထဲက ၅ ကို   DVB Peacock Film Festival မှာ ပြသခဲ့တာလည်း ဖြစ်ပါတယ်။

ဒီမှတ်တမ်းရုပ်ရှင်တွေက မြန်မာသတင်းထောက်တွေနဲ့ မှတ်တမ်းရုပ်ရှင်ဖန်တီးသူတို့ရဲ့ လွတ်လပ်စွာ ဖန်တီးရိုက်ကူးနိုင်စွမ်းကို မြှင့်တင်နိုင်ဖို့အပြင် လွတ်လပ်စွာ ပြောဆိုခွင့်အတွက် တိုက်ပွဲဝင်နေကြသူတွေ၊ အန္တရာယ်ကြားက ရုပ်ရှင်ရိုက်ကူးသူတွေနဲ့ သတင်းထောက်တွေရဲ့ ရဲရင့်မှုကိုလည်း မီးမောင်းထိုးပြထား ပါတယ်။

DVB Peacock Film Festival ကို၊ နော်ဝေ၊ ဆွီဒင်၊ ချက်၊ အိုင်ယာလန်၊ နယူးဇီးလန်စတဲ့ ဥရောပနိုင်ငံတွေမှာလည်း ပြသခဲ့ပြီးဖြစ်သလို ဩစတြေးလျနဲ့ တခြားနိုင်ငံတွေမှာလည်း ဆက်လက် ပြသနိုင်ဖို့ စီစဉ်နေပါတယ်။

Photo: DVB

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013