
တောင်ကိုရီးယား အယူခံ တရားရုံးက အတိုက်အခံခေါင်းဆောင် လီဂျေးမြောင်ကို ရွေးကောက်ပွဲ ဥပဒေ ချိုးဖောက်မှုအတွက် အပြစ်မရှိဘူးဆိုတာ တွေ့ရှိအပြီး အောက်ရုံးရဲ့ ဆုံးဖြတ်ချက်ကို မတ် ၂၆ ရက်မှာ ပြောင်းပြန်လှန် ဆုံးဖြတ်လိုက်ပါတယ်။
စီရင်ချက်ချအပြီးမှာ လီက ဆိုးလ်မြို့တော် တရားရုံးချုပ်ရဲ့ ဆုံးဖြတ်ချက်ဟာ သူ့မှာ အပြစ်လုံးဝမရှိကြောင်း ထင်ရှားအောင် သင်ကာရှင်းပေးခဲ့ပြီးပြီဖြစ်လို့ ဒီအမှုဟာ နိုင်ငံရေး အကွက်ရွှေ့မှုဆိုတာ သက်သေထူခဲ့တယ်လို့ ပြောပါတယ်။
လီကို မနှစ်က အလယ်ပိုင်းခရိုင် တရားရုံးက ထောင်ဒဏ် ၂ နှစ်အတွက် ဆိုင်းငံ့ထောင်ဒဏ်တနှစ် ချမှတ်ခဲ့တာပါ။
တကယ်လို့သာ ဒီပြစ်ဒဏ်ကို အတည်ပြုခဲ့ရင် လာမယ့် သမ္မတ ရွေးကောက်ပွဲကို ဝင်ပြိုင်ဖို့ လီရဲ့ အခွင့်အရေးကို ထိခိုက်စေနိုင်ပါတယ်။
လီဂျေးမြောင်ဟာ ဆောင်းနမ်မြို့မှာ မြို့တော်ဝန်အဖြစ် တာဝန်ထမ်းဆောင်ချိန်က မြေယာဖွံ့ဖြိုးရေး စီမံကိန်းနဲ့ ပတ်သက်ပြီး ၂၀၂၁ ခုနှစ်က လွှတ်တော်မှာ စာရင်းစစ်ချိန် မှားယွင်း ထွက်ဆိုမှုနဲ့ အပြစ်ရှိတယ်လို့ အစောပိုင်း တရားရုံးဆုံးဖြတ်ချက်က သတ်မှတ်ထားတာပါ။
သမ္မတလောင်း ကိုယ်စားလှယ်အဖြစ် ရွေးကောက်ပွဲဝင်တော့မယ့် အချိန်ရောက်မှ ဒီအမှု ပေါ်လာတာဖြစ်ပြီး အယူခံတရားရုံးက ခရိုင်တရားရုံး ဆုံးဖြတ်ချက်ကို ပြောင်းပြန်လှန်ခဲ့တာလည်း ဖြစ်ပါတယ်။
Source : Reuters











