
အီရန်စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မာမက်ဘာဂရီနဲ့ အစ္စလာမ်မစ် တော်လှန်ရေးအစောင့်တပ်ဖွဲ့ IRGC အာကာသတပ်ဖွဲ့မှူး အာမီးရ်အလီ ဟဂျီဇက်ဒေတို့ဟာ မြေအောက်ဒုံးကျည်မြို့တော်ကို လှည့်လည်ကြည့်ရှုခဲ့ကြောင်း အီရန်မီဒီယာမှာ ဖော်ပြပါတယ်။
အရာရှိကြီး ၂ ယောက်ဟာ မြေအောက်အဆောက်အအုံကို လှည့်ပတ်မောင်းနှင်ပေးမယ့် ယာဉ်တစီပေါ်တက်ပြီး အမျိုးမျိုးသော ပဲ့ထိန်းဒုံးကျည်တွေကို သယ်ဆောင်ထားတဲ့ မော်တော်ယာဉ်တွေ တန်းစီရပ်နားထားတဲ့ နေရာကနေ ဖြတ်သန်းသွားပါတယ်။
လက်နက်တွေကို တင်ဆောင်ထားတဲ့ ယာဉ်တန်းရှိ ဦးဆောင်ယာဉ်ပေါ်မှာ အီရန်အလံနဲ့ IRGC လိုဂိုအမှတ်တံဆိပ်ကို ပြသထားပါတယ်။
ဒုံးပျံမြို့သစ်ကို အပတ်တိုင်း ထုတ်ဖော်ပြသမှာဖြစ်ပြီး စီမံကိန်းကို နောက် ၂ နှစ်အထိ ဆက်လက်လုပ်ဆောင်သွားမှာပါလို့ ဟဂျီဇက်ဒေက အင်တာဗျူးတခုမှာ ပြောကြားခဲ့ပါတယ်။
Source: Reuters